ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် ဒိတ်ဒိတ်ကြဲထိပ်တန်းအနုပညာရှင်မင်းသမီးချောလေးကတော့ ဖွေးစိန်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းတဲ့အပြင် ကလေးလေးတစ်ယောက်လို အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်ပုံရိပ်လေးတွေ၊ ပွင့်လင်းတဲ့ စကားပြောဟန်လေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကြောင့်လည်း ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်ဦးဖြစ်သလို ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာဆိုလည်း မမှားပါဘူးနော်..။


Photo By Maynmarload
Photo By Maynmarload

ပရိသတ်တွေအချစ်တော်လေးဖြစ်တဲ့ ဖွေးစိန်လေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေသလို အခမ်းအနားပွဲတွေလည်း တက်ရောက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ကျင်းပခဲ့တဲ့ “ရွှေနန်းတော်” ရတနာရွှေဆိုင်ရဲ့ ကံစမ်းမဲဖောက်ပွဲကိုလည်း ချစ်စရာကောင်းစွာ တက်ရောက်လာပါတယ်နော်..။

အခမ်းအနားပွဲလေးကိုတော့ အခြားအနုပညာရှင်များလည်း တက်ရောက်ခဲ့ကြပြီး ဖွေးစိန်လေးရဲ့ ပုံရိပ်လေးတွေကတော့ လှုပ်ရှားမှုတိုင်းက ချစ်စရာကောင်းနေပြီး မြင်သူတိုင်းကို အသည်းယားစေတဲ့ ဟန်ပန်လေးတွေနဲ့ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေပြန်တာကို ပရိသတ်တွေတွေ့မြင်ရမှာပါနော်..။


Photo By Maynmarload
Photo By Maynmarload

ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ စမတ်ကျကျဖက်ရှင်လေးနဲ့ ချစ်စရာကောင်းစွာ လိုက်ဖက်နေတဲ့ ဖွေးစိန်လေးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုတော့ ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ မချစ်ပဲမနေနိုင်အောင်ကို ချစ်စရာကောင်းနေတော့တာပါပဲနော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ဖွေးစိန်လေးရဲ့ပရိသတ်တွေနဲ့ Myanmarload မှ ချစ်ပရိသတ်တွေအတွက် အသည်းကျော်လေးရဲ့ အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တာမို့ ဖွေးစိန်လေးကို အသည်းလေးတွေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo By Maynmarload
Photo By Maynmarload

Photo By Maynmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။