သုသာန် သင်္ချိုင်းဆိုတာ လူတွေအတွက်ပဲ မဟုတ်ပါဘူး၊ ပစ္စည်းဥစ္စာတွေ အတွက်လည်းရှိပါတယ်။ ပျက်စီးနေတဲ့အရာတွေ၊ ဟောင်းနွမ်းနေလို့ အသုံးမပြုတော့ဘဲ လူတို့ စွန့်ပစ်ထားရာမှ စုပုံပေါ်များလာကာ ကားသင်္ချိုင်းတို့၊ ရထားသင်္ချိုင်းတို့ဆိုပြီး ဖြစ်ပေါ်လာပါတယ်။ အဲ့ထဲကမှ တောတွင်း ကားသင်္ချိုင်းတစ်ခုဖြစ်တဲ့ (Chatillon Forest Car Graveyard)ဟာ စိတ်ဝင်စားဖွယ် ကောင်းလွန်းတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုခံစားဖတ်ရှုရအောင် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။

photo credit pngtree

ဘယ်လ်ဂျီယံနိုင်ငံ ချက်တီလံမြို့လေးအနီးမှာရှိတဲ့ တောနက်အတွင်းမှာ ကားစီးရေ ငါးရာကျော်ရှိတဲ့ ကားသင်္ချိုင်း ၄ ခုကို တွေ့ရှိခဲ့ရပါတယ်။ ကားများဟာ မှော်ပင်များရစ်ပတ်လျက် သံချေးများတက်နေကြပါတယ်။ ထိုတောနက်အတွင်း အဲ့ကားများ ရောက်ရှိနေခြင်းကို အမျိုးမျိုးပြောဆိုကြပါတယ်။ အများစုကတော့ အဲ့ကားသင်္ချိုင်းများဟာ ဒုတိယ ကမ္ဘာစစ်အပြီးတွင် ရောက်ရှိလာခဲ့တယ်လို့ ယူဆထားကြပါတယ်။ စစ်ပြီးချိန်တွင် အမေရိကန်စစ်သားများဟာ သင်္ဘောများဖြင့် ပြန်လည် တင်ပို့ရန် မလုပ်နိုင်ကြတော့သဖြင့် မော်တော်ယာဉ်များကို တောအတွင်းစွန့်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

နှစ်အတန် ကြာလာချိန်တွင် မော်တော် ယာဉ်များက တစ်စတစ်စ များပြား လာခဲ့ပါတယ်။ အချို့ကလည်း စွန့်ပစ်ခဲ့တဲ့ မော်တော်ယာဉ်များဟာ တိုလီမုတ်စအကြွင်းအကျန် များသာဖြစ်တယ်လို့ ထင်မှတ်ထားကြပါတယ်။ မော်တော်ကား အများစုဟာ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်ထုတ် ကားများဖြစ်ကြပါတယ်။ ထိုမော်တော်ကားများကို အလွယ် တကူ စွန့်ပစ်ထားသဖြင့် ကားပစ္စည်း စုဆောင်းသူများ၊ အမှတ်တရပစ္စည်း တိုလီမိုလီ ရှာဖွေကြသူများရဲ့ လက်ချက်ကြောင့် အများ အားဖြင့် မော်တော်ကားများ၏ အစိတ်အပိုင်းများ မရှိတော့ပါဘူး။ ၂၀၁၀ ပြည့်နှစ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ကြောင့် အဲ့ကားသင်္ချိုင်းအား ရှင်းလင်းခဲ့ကြပေမယ့် အံ့သြဖွယ် ဓာတ်ပုံများတော့ ယနေ့ထိတိုင် ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။