ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးနဲ့ဟန်ဆောင်မှုမရှိပွင့်လင်းစွာနေထိုင်တတ်သူလေးကတော့မင်းသမီးချောလေးအကယ်ဒမီအေးမြတ်သူပါ။ သူမဟာmodelတစ်ယောက်အနေနဲ့ အနုပညာလောကထဲဝင်ရောက်လာပြီး ဗီဒီရိုဇာတ်ကားများ၊ရုပ်ရှင်ဇာတ်ကားများနဲ့ ပါပရိတ်သတ်ရင်ထဲရောက်ရှိလာတာပဲဖြစ်ပါတယ်။ မင်းသမီးချောလေးအေးမြတ်သူဟာ လတ်တလောအနုပညာရှင်လှုပ်ရှားမှုအနေနဲ့ ပွဲအခမ်းအနားများတက်ရောက်နေပြီး ဇာတ်လမ်းတွဲများနဲ့ရုပ်ရှင်ကားကြီးများပါရိုက်ကူးနေတာဖြစ်ပါတယ်။


Photo Credit-Amazing Grace
Photo Credit-Amazing Grace

အေးမြတ်သူဟာ ယခုလတ်တလောတွင် ဝင်္ဂပါလမ်းမများဆိုတဲ့ဇာတ်လမ်းတွဲကို စိုင်းစိုင်းခမ်းလှိုင်၊ဖြိုးငွေစိုး၊သက်မွန်မြင့်၊အေးမြတ်သူ၊ခင်ဝင့်ဝါတို့နဲ့အတူရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို skynetနဲ့mntvရုပ်သံလိုင်းတို့မှစီစဉ်ထုတ်လုပ်ပြီး Myanmar media 7မှရိုက်ကူးမှာပဲဖြစ်ပါတယ်။ အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားတဲ့ ဝင်္ဂပါလမ်းမများဆိုတဲ့ဇာတ်လမ်းတွဲကြီးကတော့ ကြည့်ကောင်းမှာအသေအချာပါပဲနော်။


Photo Credit-Amazing Grace
Photo Credit-Amazing Grace

မမြတ်လေးဟာစေတနာသဒ္ဒါတရားထက်သန်သူတစ်ယောက်လည်းဖြစ်ပြီး အလှူရေစက်လက်နဲ့မကွာလှူဒါန်းသူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ပရိတ်သတ်ကြီးရော မမြတ်လေးကိုချစ်ခင်အားပေးကြမယ်မလား။ ဝင်္ဂပါလမ်းမများဇာတ်လမ်းတွဲ စာနယ်ဇင်းမီဒီယာမိတ်ဆက်ပွဲသို့ တက်ရောက်လာတဲ့မမြတ်လေးရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace

Source-Aye Myat Thu's Facebook

Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။