မင်းသမီးချောလေး မိုးယုစံကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ပြစ်မျိုးမှဲ့မထင်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မိုးယုက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတောင် တစ်သားမွေးတစ်သွေးလှနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုးယုက အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်တော့ပြီး အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရဲ့တာဝန်တွေကို ကျေပွန်နေတာ ဖြစ်ပါတယ်။

Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB

မိုးယုစံက ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို မွေးဖွားထားပြီး အများကအားကျရတဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဘဝကိုအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ မိုးယုစံတို့မိသားစုလေးက အခုလည်းအိမ်မှာ သံဃာတော်တွေကိုပင့်ဖိတ်ပြီး အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ မိုးယုစံတို့မိသားစုလေးက သံဃာတော်တွေကို လှူဖွယ်ဝတ္ထုပစ္စည်းတွေနဲ့အတူ အလှူငွေတွေကိုလည်း ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB

ဒါကြောင့် မိုးယုစံက " ဘုန်းကြီးဆွမ်းကပ်ရင်း# မိသားစုအလှူလေးအဖြစ် အုတ်တံတိုင်းတွက်အလှူငွေ ၁၀သိန်း နှင့် နဝကမ္မအတွက်အလှူငွေ ၄သိန်း လှူဒါန်း" ဆိုပြီး ဝမ်းမြောက်ဝမ်းသာအလှူပြုနေတဲ့ သူမတို့မိသားစုရဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ မိုးယုရဲ့သားသားလေးဖြစ်တဲ့ ကောင်းသိင်္ခမိုးသူကလည်း ဖေဖေ၊မေမေတို့နဲ့အတူ လှူဖွယ်ပစ္စည်းတွေကို ဆပ်ကပ်လှူဒါန်းခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးယုစံတို့မိသားစုရဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Moe Yu San's FB 

Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။