မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့် (qualifying play-offs) Preliminary round 1 အဖြစ် လာမည့် ဇန်နဝါရီ ၁၄ ရက်၊ မြန်မာစံတော်ချိန် ည ၆း၀၀ Rizal Memorial ကွင်းတွင် အိမ်ရှင် Ceres–Negros အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ခြေစစ်ပွဲပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ် Ceres–Negros အသင်းကို အနိုင်ရခဲ့ပါက ခြေစစ်ပွဲ ဒုတိယ အဆင့်သို့ တက်ရောက်ကစားရမည်ဖြစ်ပါတယ်။ ရှမ်းယူနိုက်တတ်အသင်းအနေနဲ့ ဒုတိယအဆင့်တွင် ထိုင်းကလပ် Port အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ရှမ်းယူနိုက်တတ်အသင်းကတော့ MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာတော့ ISPEအသင်း ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် ရှမ်းယူနိုက်တတ်အသင်းဟာMPT Myanmar National League 2020ပြဲစဉ် (၁) အပြီး အမွတ်ပေးဇယားမှာ အဆင့် ၅နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

source: Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။