အမြင်ဆန်းပြီး ထင်မြင်ယူဆချက်တွေ အမျိုးမျိုးရှိခဲ့တဲ့ ပိုလန်နိုင်ငံက ထူးဆန်းသော သစ်တောရှိ သစ်ပင်များအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါသတင်းမဖော်ပြသေးခင်မှာ လတ်တလောအနုပညာသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports) အပါအဝင်၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်း စုံလင်ကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ အကြောင်းပါးချင်ပါတယ်။

photo credit pngtree

ကဲ ပိုလန်နိုင်ငံမှာရှိတဲ့ ထူးဆန်းသော သစ်ပင်တွေ အကြောင်းကို ပြန်ဆက်လိုက်ကြရအောင်နော်။ အဲ့ပင်တွေကို "pine" လို့ခေါ်ကြပြီး မူမမှန်တဲ့ ပုံသဏ္ဍာန်တွေကို ပရိသတ်ကြီး ရှုမြင်ခံစားကြရမှာ ဖြစ်ပါတယ်။ အဲ့ပင်ကြီးတွေဟာ ပုံမှန်သစ်ပင်တွေနဲ့ မတူညီဘဲ အောက်ခြေပင်စည်က ဒူးထောက်ထားသလို ကွေးနေပြီး ယိမ်းနွဲ့ကာ ပေါက်ရောက်နေတာဖြစ်ပါတယ်။ အဲ့လိုမျိုးပုံစံက တစ်ပင်တည်းမဟုတ်ဘဲ တစ်တောလုံး ညီညီညာညာနဲ့ တစ်ပုံစံတည်း ပေါက်ရောက်နေတာကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကြရတာပါ။

photo credit pngtree

ထိုကဲ့သို့ ပေါက်ရောက်နေတာရဲ့ အကြောင်းအရင်း အခြေအမြစ်ကိုတော့ သေသေချာချာ မသိကျပါဘူး။ သို့သော် ဂြိုလ်သားတွေက ဖန်ဆင်းထားခဲ့တာ၊ UFO တွေနဲ့ ပတ်သက်မှုရှိတာ အစရှိသဖြင့် ထင်ကြေးအမျိုးမျိုးပေးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ထူးဆန်းတဲ့ သစ်ပင်တွေကို တစ်ချို့ကတော့ ကျိန်စာသင့်ထားတာလို့ ပြောဆိုတာမျိုးတွေလည်း ရှိပါတယ်။ ရုက္ခဗေဒ ပညာရှင်တွေကတော့ ထိုသစ်ပင်တွေရဲ့ သက်တမ်းက ခန့်မှန်းခြေအားဖြင့် ၁၉၃၀ခုနှစ်က ပေါက်ရောက်ခဲ့တာလို့ ဆိုပါတယ်။ နောက်ထပ်အဆိုတစ်ခုက ဒုတိယ ကမ္ဘာစစ်သုံး စက်ပစ္စည်းများက သက်တမ်းနနယ်တဲ့ သစ်ပင်ရဲ့ အောက်ခြေပိုင်းကို ဖိမိထားရာကနေစပြီး ယိမ်းနွဲ့သွားခဲ့တာ ဖြစ်ပါတယ်။ အကြောင်းက အသက်ရှင်ရပ်တည်ဖို့ ထွက်ပေါက်ရှာ ကြိုးစားရင်း အဲ့လိုမျိုး ယိမ်းနွဲ့သွားရတာပါ။ တစ်ယောက်တစ်မျိုးအဆိုတွေ ကွဲပြားကြပေမယ့် အမြင်အားဖြင့်တော့ ထူးဆန်း အံ့သြဖွယ် သစ်ပင်များဖြစ်နေတာ အမှန်ပင် ဖြစ်ပါတော့တယ်...။ ပရိသတ်တစ်ယောက်ချင်းစီတိုင်းရဲ့ ထင်မြင်ယူဆချက်လေးတွေကိုလည်း မျှဝေပေးသွားပါဦးနော်။

Source Once A Glance Page

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။