ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ၁၈ရာစု အလယ်ပိုင်းခေတ်လောက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်မှာရှိတဲ့ ဗဟိုပန်းခြံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မဟန်တန်ရပ်ကွက် အလယ်ပိုင်း အပေါ်ဘက်မှာ တည်ရှိတဲ့ အဲ့ပန်းခြံကြီးဟာ ကျယ်ဝန်းသော မြို့ပြ ဥယျာဉ်ကြီး တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံတွင် လူအများဆုံး လာရောက်လည်ပတ် အပန်းဖြေတဲ့ နေရာလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ရုပ်ရှင်ဇာတ်ကားများ အများဆုံးလာရောက် ရိုက်ကူးလေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 

photo credit pngtree

နယူးယောက်မြို့လယ် ပန်းဥယျာဉ်ဟာ သက္ကရာဇ် ၁၈၅၇ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ နိုင်ငံပိုင် ဥယျာဉ်တစ်ခုဖြစ်ပါတယ်။ အဲ့အချိန်အခါတုန်းက ဥယျာဉ် အကျယ်အဝန်းဟာ ၇၇၈ ဧက ရှိခဲ့ပါတယ်။ ပန်းဥယျာဉ်ဆိုပြီး မဖြစ်ပေါ်မီ ၁၈၅၈ ခုနှစ်တွင် ဥယျာဉ်စီမံကိန်း ဒီဇိုင်းပြိုင်ပွဲ ကျင်းပခဲ့ရာ အမျိုးသား မြေယာ အလှဖော်ထုတ်ရေးနှင့် ဗိသုကာပညာရှင်များအဖြစ် ထင်ရှားလာခဲ့တဲ့ ဖရက်ဒရစ်လောအုန်းစတက် နှင့် ကဲလ်ဗတ်စ်ဗောက် ဆိုသူတို့က ဆုရရှိခဲ့ကြပါတယ်။

photo credit pngtree

သူတို့နှစ်ဦးဟာ နယူးယောက်မြို့လယ် ဥယျာဉ်စီမံကိန်းကို အစိမ်းရောင်ရပ်ကွက်စီမံကိန်းဟု အမည်ပေးခဲ့ကြပြီး ဥယျာဉ်ကို အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၈၅၈ ခုနှစ်မှာတော့ ဥယျာဉ်တည်ဆောက်ရေးလုပ်ငန်းကို ထပ်မံဆောက်ရွက်ခဲ့ပြီး အများပြည်သူများ အသုံးပြုနိုင်ရန် ဖွင့်လှစ်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းများကို အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာပဲ ဆက်လက်ဆောင် ရွက်ခဲ့ပြီး ၁၈၇၃ ခုနှစ်မှာ လက်ရှိအကျယ်အဝန်းကို ၈၄၃ ဧက အထိ တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။