မြန်မာဂုဏ်ဆောင် အောင်လအန်ဆိုင်ကတော့ မြန်မာနိုင်ငံရဲ့ အလံကို နိုင်ငံတကာရှေ့မှာ လွှင့်ထူနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အောင်လအန်ဆိုင်ကတော့ ၂၀၁၉ ခုနစ်အတွင်းမှာ အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးခဲ့ပြီး ခါးပတ်ကာကွယ်ပွဲတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါထိုးသတ်ကာ ပြိုင်ဖက်တွေကို အလဲထိုးအနိုင်ရရှိခဲ့သူပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာလည်း ထိုးသက်ရမယ့် ပြိုင်ပွဲတွေအတွက် ကြီးကြီးမားမား ကြိုတင်လေ့ကျင့်မှုတွေကိုလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။

Photo Credit - Aung La Nsang's Facebook
Photo Credit - Aung La Nsang's Facebook

ယခုမှာလည်း အောင်လအန်ဆိုင်ကတော့ မမျှော်လင့်ပဲ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ဆုတံဆိပ်တစ်ခုကို ရရှိခဲပါတယ်။ ဒီပုံလေးတွေနဲ့ ရေးသား ဖော်ပြရာမှာတော့ "ဒီနေ့မနက်@sanfordmmaမှာအသင်းဖော်တွေနဲ့လေ့ကျင့်မှုအပြီးမမျှော်လင့်ပဲနဲ့ @worldmmaawards ဖြစ်တဲ့2019 International Fighter Of the Year ဆု တံဆိပ်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒီဆုကိုရရှိအောင်မဲပေးခဲ့ကြတဲ့ မြန်မာပရိတ်သတ်တွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။ @fightersonlymagကိုလဲကျွန်တော့်ကိုစကာတင်စာရင်းမှာရွေးခြယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။" ဟုလည်း ဖော်ပြပေးထားပါသေးတယ်။

Photo Credit - Aung La Nsang's Facebook
Photo Credit - Aung La Nsang's Facebook

လက်ရှိမှာတော့ မြန်မာ့ဂုဏ်ဆောင်တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆိုင်ကတော့ အာရှမှာအကောင်းဆုံးဖိုက်တာကစားသမား စာရင်းဝင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူထိုးသက်ခဲ့တဲ့ ပြိုင်ပွဲတိုင်းကိုလည်း ပရိသတ်တွေမြင်တွေ့ ပြီးသားလည်း ဖြစ်မှာပါ။ ပရိသတ်တွေကလည်း ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး@worldmmaawards ဖြစ်တဲ့2019 International Fighter Of the Year ဆု တံဆိပ်ရရှိခဲ့တဲ့ အောင်လအန်ဆိုင်ကို ဂုဏ်ပြုပေးလိုက်ပါဦးနော်..။ ကဲ့ ချစ်ပရိသတ်ကြီးရေ ဒီနေ့မနက်@sanfordmmaမှာအသင်းဖော်တွေနဲ့လေ့ကျင့်မှုအပြီးမမျှော်လင့်ပဲနဲ့ @worldmmaawards ဖြစ်တဲ့2019 International Fighter Of the Year ဆု တံဆိပ် ရရှိခဲတဲ့ အောင်လအန်ဆိုင်ရဲ့ အကြောင်းအရာတွေကိုပြန်လည်းဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung La Nsang's Facebook

Source -Aung La Nsang's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။