ခုဖော်ပြမဲ့ဂိမ်းလေးဟာဆိုရင်တော့ ဖုန်းပေါ်မှာ ဆော့ကစားလို့ အဆင်ပြေစေပြီး အားလပ်ချိန်မှာ စိတ်အေးလက်အေးကောင်းကောင်း ကစားရတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ ဂိမ်းနာမည်ကတော့ The White Door ပဲဖြစ်ပြီး ဇာတ်လမ်းလေးနဲ့ ဆော့ကစားရတဲ့ အရသာဟာ တခြားသော Mysterious Case တွေကိုဖော်ထုတ်ရတဲ့ ဂိမ်းတွေနဲ့ နည်းနည်းလေးတော့ကွာပါတယ်။ ဘာလို့အဲ့လိုကွာတာလဲဆိုတာကို ပရိသတ်ကြီးအတွက် အောက်မှာဖော်ပြလိုက်ပါတယ်။ 

ဇာတ်လမ်းလေးကတော့ Robert Hill ဟာ ဆေးကုသမှုကိုခံယူနေခဲ့ရပြီး မှတ်ဉာဏ်တချို့ ပျောက်ဆုံးနေတဲ့ ရောဂါကို ခံစားနေရတဲ့သူဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟ ဆေးကုသမှုကိုခံနေရတာဖြစ်ပါတယ်။ သူရဲ့မှတ်ဉာဏ်တွေကို ပြန်ဖော်ထုတ်ဖို့အတွက် ကုသမှုတွေကိုခံယူရင် နေ့စဉ်ပြုလုပ်ဆောင်ရွက်ရမယ့်ဟာတွေကို လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သူ့ရဲ့မှတ်ဉာဏ်တွေပျောက်ဆုံးနေတာပေါ့။ 

အဲ့လိုပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်နောက်မှာ ဘာတွေရှိမလဲဆိုတာကို သင်ကိုယ်တိုင် ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့မှတ်ဉာဏ်တွေကို ပြန်ဖော်နေတဲ့တဲ့ချိန် အရောင်တွေက အဖြူကနေ တခြားသော အရောင်တွေကို မှတ်မိသလောက်ပြောင်းလဲသွားပါလိမ့်မယ်။ ဒီလိုမှတ်ဉာဏ်တွေကို ပြန်ဖော်ထုတ်ပြီးနောက်မှာ သင်ရဲ့မှတ်ဉာဏ်ဘာကြောင့်ပျောက်ဆုံးနေလဲဆိုတာ ပေါ်ထွက်လာမှာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းသထက်ကောင်းလာပါလိမ့်မယ်။ ပရိသတ်ကြီး စိတ်ဝင်စားရင်တော့ ဆော့ကစားကြည့်လိုက်ပါ။  

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။