လူသားတိုင်းဟာ ဘဝကြီးကို သူတို့ရဲ့ မိတ်ဆွေ၊ ချစ်ရသူတို့နဲ့ အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းချင်ကြတာ ဧကန်မလွဲပင်ဖြစ်ပါတယ်...။ အကယ်၍ သင်ဟာ သင်ချစ်တဲ့သူ၊ မိတ်ဆွေ၊ ပါတနာတို့နဲ့ ပြောဆိုဆက်ဆံရတာ အဆင်မပြေဖူးဆိုရင် သင်နဲ့သူတို့ကြားမှာ မထင်မှတ်တဲ့ အဖုအထစ်လေးတွေ ရှိနေခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်...။ တစ်ချို့အရာတွေဆို ကိုယ်ကိုတိုင် သတိမထားမိတဲ့ သေးငယ်တဲ့အရာတွေ ဖြစ်ပေမယ့် မပြုပြင်ပဲ ဒီအတိုင်းထားမယ်ဆို နောက်ဆုံး ပြုပြင်လို့မရတဲ့ အမှားကြီးတွေထိဖြစ်သွားနိုင်ပါတယ်..။ များပြားတဲ့ ချစ်သူစုံတွဲတွေဟာဆိုရင် အချစ်ရေးအဆင်မပြေပဲ နောက်ဆုံးလမ်းခွဲရတဲ့ အထိ ဖြစ်သွားကြရပါတယ်...။ ဒါက ဘာကြောင့်လည်းလို့ မေးခွန်းထုတ်ရမယ်ဆိုရင် အဖြေကတော့ ရှင်းရှင်းလေးပါ...။ "မျှတတဲ့ စိတ်ချမ်းသာမှုတွေမရရှိပဲ၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ မပေးနိုင်တာကြောင့်"လို့အများဆုံး ပြောလို့ရပါတယ်။

photo credit pngtree

"တစ်ယောက်ရဲ့ ဝါသနာကို တစ်ယောက်က စိတ်လိုလက်ရ လိုက်ပြုပေးဖို့ပါပဲ"။ ဒါဟာ relationship တစ်ခု၊ ချစ်သူစုံတွဲတွေကြားမှာ များစွာ အရေးပါ အရာရောက်ပါတယ်...။ မိန်းကလေးတွေကလည်း ကိုယ်ချစ်သူယောက်ျားလေး ဝါသနာပါတဲ့ ကိစ္စတစ်ခုခုကို အတက်နိုင်ဆုံးလိုက်ပြုပေးရမှာဖြစ်ပြီး ယောက်ျားလေးတွေကလည်း ကိုယ့်ချစ်သူ၊ ကောင်မလေးရဲ့ shopping ထွက်တာ၊ ရုပ်ရှင်ကြည့်တာမျိုးတွေမှာ မညည်းမငြူဘဲ လိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ "လေးစားမှု" ဟာလည်း ချစ်သူစုံတွဲတွေ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရှိရမယ့် အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်...။ အားလပ်ရပ်သို့မဟုတ် အပန်းဖြေခရီးတွေကို နှစ်ယောက်အတူ သွားကြဖို့ အချိန်တွေကို ဖန်တီးကြရမှာပါ...။ ဒါမှသာလျှင် တစ်ဦးအပေါ် တစ်ဦးထားရှိတဲ့ ကြင်နာယုယမှုတွေ၊ နားလည်မှုတွေပိုလာစေမှာ အမှန်ပင် ဖြစ်ပါတယ်။

photo credit pngtree

"တစ်နေ့ကို တစ်ခါလောက်တော့ အနည်းဆုံး ချစ်တယ်ဆိုတဲ့"စကားကို ပြောပေးပါ။ သင့်ချစ်သူကို ချစ်ပါလျက်နဲ့ ထိုစကားလေးကို ပြောဖို့ ဝန်လေးနေခဲ့မယ်ဆိုရင် နောက်ပိုင်းသင်တို့ရဲ့ ရင်ထဲမှာ မျိုသိပ်ထားတဲ့ ခံစားချက်တွေ များပြားလာပြီး ဆန့်ကျင်ဘက်ဖြစ်သော"မုန်းတယ်"ဆိုတဲ့ စကားကို ကြားရဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မလို့ "ချစ်တယ်" ဆိုတဲ့စကားကို ရဲရဲဝံ့ဝံ့ကြီးသာ ပြောပါ၊ ရိုးသွားမှာတွေ၊ အောက်ကျမှာတွေ မတွေးပါနဲ့...သင်ရဲ့ ရင်ထဲခံစားချက်ကို သင်ရဲ့ ချစ်သူအား အမြဲ ပွင့်လင်းစွာ ဖွင့်ချလိုက်ပါ....။ စာဖတ်ပရိသတ်ကြီးရေ...ကိုယ်ချစ်ရတဲ့ သူနဲ့အတူ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး ပျော်ရွှင်စရာ လက်တွဲသွားနိုင်ဖို့ အထက်မှာ ဖော်ပြပေးသွားတဲ့ အချက်လေးတွေကို မကြာခဏဆိုသလို လိုက်နာပြုလုပ်ပေးဖို့ လိုအပ်ပါကြောင်း အကြံဉာဏ်ပေး ဖော်ပြလိုက်ပါတယ်နော်။

photo credit pngtree
photo credit pngtree
photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့် တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။