၂၀၂၀ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်အဖြစ် မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းနဲ့ ဖိလစ်ပိုင်ကလပ် အိမ်ရှင် Ceres–Negros အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တာပဲ ဖြစ်ပြီး အိမ်ရှင် Ceres–Negros အသင်းက ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါပွဲကိုတော့ မနေ့ည မြန်မာစံတော်ချိန် ည ၆း၀၀ ဖိလစ်ပိုင်နိုင်ငံက Rizal Memorial ကွင်းမှာ ကစားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit: Shan United FC 's facebook
photo credit: Shan United FC 's facebook

ပထမပိုင်းမှာ ဖိလစ်ပိုင်ကလပ် အိမ်ရှင် Ceres–Negros အသင်းက ၂ဂိုးပြတ်နဲ့ ရှမ်းယူနိုက်တက်အသင်းကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ရှမ်းယူနိုက်တတ်အသင်းအနေနဲ့ ချေပဂိုးတွေကိုလဲ သွင်းယူနိုင်ခဲ့ပြီး သွင်းဂိုးတွေကို ပိုမိုမြင်တွေ့ခဲ့ရပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ ၃ဂိုး ၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

photo credit: Shan United FC 's facebook
photo credit: Shan United FC 's facebook

ရှမ်းယူနိုက်တတ်အသင်းအတွက် ချေပဂိုးတွေကိုတော့ Maximin Zin Min Tunတို့က သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကလပ် အိမ်ရှင် Ceres–Negros အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ lopez mendy maranon porteria တို့က သွင်းယူနိုင်ခဲ့ပါတယ်။ Ceres–Negros အသင်းအနေနဲ့ နောက်တစ်ဆင့်တွင် ထိုင်းကလပ် Port အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

source: Shan United FC 's facebook  

photo credit: Shan United FC 's facebook
photo credit: Shan United FC 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။