photo credit - Endpoint Twitter

Endpoint CSGO Team ကတော့ပီးခဲ့တဲ့ နာရီပိုင်းလောက်က သူတို့ရဲ့ Twitter အကောင့်ကနေ 2020 ခုနှစ်မှာ အသုံးပြုသွားမယ့် CSGO roster ကိုကြေညာခဲ့ပါတယ်။

Endpoint ကြေညာခဲ့တဲ့ roster ကတော့

Surreal

CRUC1AL

Thomas

robin

MiGHTYMAX တို့ပဲဖြစ်ပါတယ်။

Endpoint ကြေညာခဲ့တဲ့ ဒီ players ငါးယောက်လုံးဟာ Phonenix မှာကစားနေတဲ့ players တွေဖြစ်ပြီး မနေ့က 2020 ခုနှစ် 1 ပိုင်း 14 ရက်နေ့မှသာ Endpoint ကိုပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။

မနှစ်က 2019 ခုနှစ်အတွင်းမှာ ESL Premiership-Summer 2019 နဲ့ ESL Premiership-Winter 2019 တို့မှာ Champion ဖြစ်ထားတဲ့ Endpoint အနေနဲ့ ဒီ roster အသစ်နဲ့ ဘာတွေလုပ်ပြနိုင်ဦးမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။ 

source - Endpoint Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။