ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အချိန်တိုဆုံး စစ်ပွဲများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပွဲအကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာရှင်သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports) အပါအဝင်၊ ကမ္ဘာအနှံ့ရှိ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

၁၉၇၁ ခုနှစ်မှာ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့ကြား ဖြစ်ပွားခဲ့တဲ့ ၁၃ရက်ကြာ စစ်ပွဲဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွတ်လပ်ရေး တိုက်ပွဲနှင့် နီးကပ်စွာ ဆက်စပ်မှုရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွတ်လပ်ရေး တိုက်တွဲပွဲကို ပါကစ္စတန် ပြည်တွင်းစစ်ပွဲလို့ပင် ခေါ်ဆိုခဲ့ကြတာပါ။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးတိုက်ပွဲဟာ အစဉ်အလာအရ ကြီးစိုးခဲ့သော အနောက်ပါကစ္စတန်နှင့် လူနည်းစု အရှေ့ပါကစ္စတန်တို့ရဲ့ ပဋိပက္ခအငြင်းပွားမှုသာ ဖြစ်ပါတယ်။

photo credit pngtree

၁၉၇၀ ပြည့်နှစ် ပါကစ္စတန် ရွေးကောက်ပွဲ အပြီးတွင် တိုက်ပွဲက အရှိန် မြင့်သွားခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အရှေ့ပါကစ္စတန် "အဝါမီ" ပါတီက လွှတ်တော်တွင် ၁၆၇ နေရာ အနိုင်ရခဲ့ပါတယ်။ ဒါ့ကြောင့် အမတ်နေရာ (၃၁၃) နေရာရှိသော ပါကစ္စတန် လွှတ်တော်တွင် အဓိက အင်အားစု ဖြစ်ရန် သေချာသွားခဲ့ပါတယ်။ ၁၈၇၁ ခုနှစ် ၊ ဒီဇင်ဘာလ (၃) ရက်တွင် အိန္ဒိယ အနောက်ပိုင်းစစ်မျက်နှာတွင် အိန္ဒိယနှင့် အနောက်ပါကစ္စတန်တို့ စစ်ဖြစ်ကြရာ ဒီဇင်ဘာ(၁၆) ရက်တွင် ပါကစ္စတန်တို့ ရှုံးနိမ့်ကာ စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ စစ်ပွဲရဲ့ အကျိုးဆက်ကတော့ အရှေ့ပါကစ္စတန်ဟာ လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဟူ၍ ဖြစ်လာပါတော့တယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဖူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။