ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဆောင်တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မြန်မာ့အားကစားလောကမှာ ကျောက်တိုင် တစ်ခုကိုစိုက်ထူနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ၂၀၁၉ နှစ်က ပြိုင်ပွဲတိုင်းမှာလည်း အကောင်းဆုံး ထိုးသက်နိုင်ခဲ့ပြီး ပရိသတ်တွေကလည်း အများအပြား ဝန်ရံလာကြတာပဲဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေကလည်း တစ်နှစ်တာ အကောင်းဆုံး ဖိုက်တာ 2019 International Fighter Of the Year ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။

Photo Credit – Aung La Nsang’s Facebook
Photo Credit – Aung La Nsang’s Facebook

ယခုတစ်ခါမှာလည်း အောင်လအန်ဆန်က ၂၀၂၀ ခုနှစ် မှာထိုးသက်မယ့် ပြိုင်ပွဲတွေအတွက် ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်နေရင်း ကစားဖော်တွေနဲ့ အတူ body shotchallenge တစ်ခုကို ပရိသတ်တွေ အံ့သြရလောက်အောင်ပြုလုပ်ခဲ့ပါတယ်။ ဒီ ဗီဒီယိုဖိုင်လေးထဲမှာဆိုရင်လည်း လေ့ကျင့်ရေး အတူတူလုပ်နေကြတဲ့ ကစားဖော်တွေက အောင်လအန်ဆန်ကို အားရပါးရ ဘယ်တပြန် ညာတပြန် အကြိုက်ထိုးနေသော်လည်း မျက်နှာတစ်ချက်မဲ့သွားခြင်း မရှိခဲပါဘူးနော်..။

Photo Credit – Aung La Nsang’s Facebook

Body shotchallenge လုပ်ပြီးမှာတော့ ကစားဖော်တွေက မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန် ကို ဂုဏ်ပြူခဲ့ကြပါတယ်။ ပရိသတ်ကြီးကလည်း ၂၀၂၀ အတွက် ကြိုတင်လေ့ကျင့်မှုတွေကို ပြုလုပ်နေတဲ့ အောင်လအန်ဆန်ကို ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်..။ ကဲ့ ချစ်ပရိသတ်ရေ အောင်လအန်ဆန်ရဲ့ body shotchallenge လုပ်ပြတာလေးတစ်ခုကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Aung La Nsang’s Facebook

Source - Aung La Nsang’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။