MPT Myanmar National League (U-21) 2020 ပွဲစဉ်မှာတော့ပရိသတ်တွေစောင့်မျှော်နေကြတဲ့ ရန်ကုန်ယူနိုက်တက် လူငယ်အသင်းတွေရဲ့ ပွဲစဉ်ကတော့ ရောက်ရှိလာပါပြီ။ ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းရဲ့ ပထမဦးဆုံးပွဲစဉ်မှာ ဆောက်သမ်းမြန်မာ (ယူ-၁၉)အသင်းနဲ့ ယနေ့ညနေ ၃း၃၀ နာရီ၊ စလင်းကွင်းမှာ စတင်ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။

Photo Credit – Yangon United FC

၂၀၁၉ ခုနှစ် ရာသီပွဲစဉ်တွေမှာလည်း ရန်ကုန်ယူနိုက်တက် ယူ- ၁၉အသင်းကတော့ အကောင်းဆုံး ခြေစွမ်းတွေပြသထားနိုင်ပြီး အသင်းအတွက် ရလဒ်ကောင်းတွေကိုလည်း ဖန်တီပေးနိုင်ခဲ့ပါတယ်။ယခုပွဲစဉ်တွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းကတော့ အသင်းတွက် ဘယ်လိုရလဒ်ကောင်းတွေကိုပေးစွမ်နိုင်မလဲ၊ ပရိသတ်တွေအတွက်လည်း ထပ်တူကျနိုင်တဲ့ ပွဲစဉ်ဖြစ်လာမလားဆိုတာကို ပရိသတ်တွေနဲ့ အတူ ရင်ခုန်နေပြီလည်းဖြစ်ပါတယ်။

Photo Credit – Yangon United FC

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် လူငယ် အမှတ်ပေးပြိုင်ပွဲအတွက် အသင်းအနေနဲ့ သေချာပြင်ဆင်ပြီး ပွဲထွက်ကစားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်ယူနိုက်တက် လူငယ် အသင်းရဲ့ ပွဲစဉ်ကို လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားမယ့် ရန်ကုန်ယူူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့ယနေ့ညနေတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းကောင်းပေးလိုက်ပါတယ်။

Photo Credit – Yangon United FC

Photo Credit – Yangon United FC

Source -Yangon United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။