ပရိသတ်ကြီးရေ ဒီလောကကြီးမှာ အသားငါး၊ အသီးရွက်တွေကို ချက်၊ ပြုတ်၊ ကြော်လှော်အစရှိတဲ့ နည်းမျိုးစုံဖြင့် စားသောက်ကြတာဟာ လူသားတိုင်းတော့ ပြောလို့မရပါဘူ။ အချို့ လူတွေက သူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဒါမှမဟုတ် အရသာပိုရှိအောင်၊ ပိုလတ်ဆတ်အောင် အစိမ်းအတိုင်း အရှင်လတ်လတ် စားသောက်မှုများကို ပြုလုပ်လေ့ရှိကြပါတယ်။ အဲ့လို စားသောက်မှုများကို ကိုးရီးယား၊ ဂျပန်၊ တရုတ် အစရှိတဲ့ အာရှနိုင်ငံများတွင် အများဆုံး တွေ့မြင်ရမှာ ဖြစ်ပါတယ်။

photo credit pngtree

ဒီတစ်ခါမှာတော့ တရုတ်နှင့် ဂျပန်လူမျိုးတို့ဟာ ပုဇွန်ဆိတ်များအား အရှင်လတ်လတ် စားသောက်ကြတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ ပရိသတ်ကြီးအနေနဲ့ ပုဇွန်ဆိတ်အရှင်များကို စားချင်တယ်ဆိုရင်တော့ ဂျပန်နဲ့ တရုတ်နိုင်ငံမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ မှာယူစားသောက်လို့ ရပါတယ်။ ဒါ့အပြင် "Odori Ebi" (အိုဒိုရီ အဲဘီ) လို့ခေါ်တဲ့ ဂျပန်အစားအစာကို တရုတ်နိုင်ငံမှာ ပုဇွန်အရည်လို့ ခေါ်ဝေါ်စားသောက်ကြတာ ဖြစ်ပါတယ်။

photo credit pngtree

တစ်ကယ်လို့ အပေါ်ကပြောသွားတဲ့ ဟင်းပွဲကို မှာလိုက်တယ်ဆိုရင် ပုဇွန်ဆိတ်ငယ်လေးများကို အရှင်တိုင်းထည့်ထားတဲ့ ပန်းကန်က ပရိသတ်ကြီး ရှေ့မှောက် ရောက်လာပါလိမ့်မယ်။ ခြေလက်များနဲ့ ဥမျှင်များ လှုပ်ရမ်းနေတဲ့ အကောင်ငယ်လေးတွေဟာ စားနေတဲ့ အချိန်မှာပဲ လှုပ်ခါနေကြပါတယ်။ စားသောက်ဆိုင်က ပုဇွန်များမသေမီ အမြန်ဆုံး ပြင်ဆင်ပေးကြတာ ဖြစ်ပါတယ်။ ပုဇွန်များကို အရက်ပန်းကန်ထဲသို့ ထည့်ယူလာခြင်းဖြင့် ပုဇွန်များကို အရက်စုတ်ယူစေပြီး လူများက အရှင်စားကြတာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။