ပရိသတ်ကြီးရေ...ဒီတစ်ခါမှာတော့ မိမိခန္ဓာကိုယ် အမြဲမွှေးကြိုင် သန့်ရှင်းနေအောင် ဘယ်လိုပြုမူဆောင်ရွက်ရမလဲ ဆိုတာကို အကြံဉာဏ်ပေးတဲ့အနေနဲ့ တင်ဆက်ပေးသွားမှာပါ။ ရေမွှေးက ကိုယ်သင်းရနံ့ အတွက် အထောက်အကူပေးတယ်ဆိုပေမယ့် နည်းစနစ်ကျကျသုံးတတ်ဖို့လည်းလိုပါသေးတယ်...။ တစ်နေကုန် အနံ့စွဲနေအောင် သင်ကြိုက်နှစ်သက်တဲ့ အနံ့လေးကို (ပျော့တာဖြစ်ဖြစ်၊ ပြင်းတာဖြစ်ဖြစ်) လက်ကောက်ဝတ် ဒါမှမဟုတ် လည်ပင်းအနောက်ဖက်လေးမှာ စွတ်ထားရမှာပါပဲဖြစ်ပါတယ်...။ အရေးကြီးတဲ့အချက်က ပွတ်ဖြန့်လိုက်ဖို့ကို မလုပ်မိဖို့ပါပဲနော်..။ ဒါဆို ရေမွှေး အနံ့က ကြာရှည်ခံတော့မှာ မဟုတ်ပဲ အမြဲ မွှေးကြိုင်နေမှာ မဟုတ်တော့ပါဘူး။

photo credit pngtree

နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ တစ်ညလုံး အိပ်စက်အနားယူတဲ့ ကုတင်ပေါ်က ဖက်ခေါင်းလုံး၊ ခေါင်းအုံးနဲ့ စောင်တွေကို သန့်ရှင်းအောင်ထားရမှာပါ...။ အိပ်ယာကို အခန်းသုံးရေမွှေးအနံ့ပျော့ပျော့လေးကို မအိပ်ခင်အမြဲဖြန်းပေးရမှာပါ...။ ခန္ဓာကိုယ်က တစ်ညလုံးထွက်လာတဲ့ အနံ့အသက်တွေဟာ အိပ်ယာပေါ်မှာ စွဲနေမှာဖြစ်ပါတယ်..။ ဒါကြောင့်မလို့ အိပ်ရာကိုလည်း သန့်ရှင်းအောင်ထားရမှာဖြစ်ပြီး မနက်အိပ်ရာနိုးလို့ ရုံးသွား၊ ကျောင်းသွားတဲ့ အခါမှာလည်း ရေချိုးမပြင်းဖို့ကို တိုက်တွန်းချင်ပါတယ်။

photo credit pngtree

အဝတ်ဗီဒိုကိုလည်း အမြဲသန့်ရှင်းအောင်ထားရမှာဖြစ်ပြီး အနံ့အသက်ကောင်းမွန်အောင် ပရုပ်လုံးတွေ ဘာတွေ ဆောင်ထား၊ ထည့်ထားရမှာပါ..။ အတွင်းခံထည့်ထားတဲ့ အံဆွဲတွေကိုလည်း ပို၍ပင်သန့်ရှင်းမွှေးပျံ့ နေအောင်ထားပေးရမှာ ဖြစ်ပါတယ်...။ ခံတွင်းမှာ ရေဓာတ်ခန်းခြောက်ခန်းသွားပြီဆိုရင်လည်း ခံတွင်းအနံ့ဆိုးတွေ ထွက်လာပါလိမ့်မယ်...။ ပီကေဝါးရင်း အနံ့အသက်ကို ဖုံးဖိလို့ရသလို၊ ပူရှိန်းသကြားလုံးငုံခြင်းဖြင့်လည်း ခံတွင်းရှင်းပြီး တစ်ဖက်လူ့ကို အနှောက်အယှက်ဖြစ်စေမှာမဟုတ်တော့ပါဘူးနော်။ နောက်ဆုံး နိဂုန်းချုပ်တဲ့ အနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုတစိုက်ပြုလုပ်ပေးရမှာဖြစ်ပြီး မိမိ ချွေးနံ့ဆိုးတွေကြောင့် ပတ်ဝန်းကျင် ဒုက္ခပေးသလို မဖြစ်ရအောင် အလေးထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

photo credit pngtree
photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။