photo credit - Liquipedia

ICE Challenge 2020 CSGO ပြိုင်ပွဲကြီးကတော့ လာမယ့် ဖေဖော်ဝါရီလ 1 ရက်နေ့ကနေ 6 ရက်နေ့ထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ ExCeL London မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

စုစုပေါင်း ပေးအပ်သွားမယ့် ဆုကြေးငွေကတော့ $250,000 USD ပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ team ကတော့စုစုပေါင်း 8 team ရှိပြီး ၎င်း team တွေကတော့

1. Virtus.pro

2. Heroic

3. Natus Vincere

4. ENCE

5. GODSENT

6. Mousesports

7. MAD Lions

8. OG တို့ပဲဖြစ်ပါတယ်။

ယှဉ်ပြိုင်ရမယ့် maps တွေကတော့ Dust ll , inferno , Mirage , Nuke , Overpass , Train နဲ့ Vertigo တို့ပဲဖြစ်ပါတယ်။

Group ခွဲလိုက်တဲ့အချိန်မှာတော့ Group A မှာ Heroic , MAD Lions , mousesports နဲ့ Virtus.pro တို့ကကျခဲ့ပြီး Group B မှာတော့ ENCE , GODSENT , Natus Vincere နဲ့ OG တို့ကကျခဲ့ပါတယ်။

ပရိသတ်တွေရော ဒီပြိုင်ပွဲကြီးမှာ champion ဘယ်သူဖြစ်မယ်လို့ထင်ကြလဲ ။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။