နေ့စဉ် အိမ်သုံးပစ္စည်းတွေထဲကမှ မရှိ၊ မဖြစ်လိုအပ်သော ပစ္စည်းလေးလို့ ပြောလို့ရတဲ့ သွားတိုက်ဆေးဟာ အခြားနေရာတွေမှာလည်း များစွား အသုံးဝင်နေပြန်ပါတယ်။ သွားများကို သန့်စင်ဖြူဖွေးရန်၊ ခံတွင်းနံ့ ကောင်းစေရန်၊ သွားဖုံးများ ခိုင်ခန့်စေရန် နေ့စဉ် အသုံးပြုနေကြပေမယ့် သွားတိုက်ဆေးကို သွားနဲ့မသက်ဆိုင်တဲ့ အချို့ကိစ္စများတွင်လည်း အသုံးပြုလို့ရကြောင်းကို လူအနည်းငယ်သာ သိရှိတာ ဖြစ်ပါတယ်။ အဲ့ထဲကမှ လက်ဝါးနံရင် ဖြေရှင်းလို့ရတာနဲ့ ပတ်သက်ပြီး သာဓကပြ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

photo credit pngtree

အိမ်ထောင်ရှင်မများ အနေနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို လှီးဖြတ်ပြီးတာဖြစ်ဖြစ်၊ သားငါးများကို ကိုင်တွယ်ပြီးတာဖြစ်ဖြစ် စူးရှသော အနံ့အသက် ဆိုးများက လက်ထဲတွင် စွဲကျန်နေတတ်ပါတယ်။ အဲ့လို ဖြစ်တဲ့အခါမှာ လွယ်ကူရိုးရှင်းတဲ့ ဖြေရှင်းနည်းလေးက ခံတွင်းနံ့ဆိုးများကို ပျောက်ကင်းစေနိုင်တဲ့ သွားတိုက်ဆေးလေးကို လက်မှာ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ အဲ့လိုလုပ်ပေးတဲ့အခါ သင့်မှာ စွဲကပ်နေတဲ့ သား၊ငါး အနံ့ဆိုးတွေ လျင်မြန်စွာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ 

photo credit pngtree

လိမ်းပုံ လိမ်းနည်းလေးကိုလည်း ပြောပြပေးသွားပါမယ့်နော်။ သွားတိုက်ဆေး အနည်းငယ်ကို လက်ဖဝါးပေါ်သို့ ညှစ်ချပြီး လက်ဝါးနဲ့ လက်ချောင်းများကြားထဲကို ပွတ်တိုက်ပြီး ရေနဲ့စင်အောင် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွားတိုက်ဆေးက လက်ကို ဆပ်ပြာနဲ့ ဆေးခြင်းထက် ပိုပြီး အနံ့ကို မွှေးကြိုင် ပြောင်စင်စေပါတယ်။ ဒါကြောင့်မလို့ ပရိသတ်ကြီးအနေနဲ့ အိမ်ရဲ့ လက်ဆေးစင်မှာ ဆပ်ပြာအပြင် သွားတိုက်ဆေးဗူးကို ထားသင့်ကြောင့် အကြံဉာဏ်ပေး တိုက်တွန်းလိုက်ပါတယ်နော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။