ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ရှေးဟောင်းအီဂျစ်နိုင်ငံမှ ကမ္ဘာကျော် လူသိများတဲ့ "Great Sphinx" မဟာ လူခြင်္သေ့ ရုပ်ထု အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports) အပါအဝင်၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ရှေးဟောင်း အီဂျစ်နိုင်ငံမှ ကမ္ဘာကျော် လူဦးခေါင်းနှင့် ခြင်္သေ့ ခန္ဓာကိုယ် ရုပ်ထုဟာ ဂီဇာ ကုန်းပြင်မြင့်တွင် တည်ရှိတာ ဖြစ်ပါတယ်။ မဟာ လူခြင်္သေ့ ရုပ်ထုဟာ ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော အကြီးမားဆုံး အထိမ်းအမှတ် ရုပ်ထုများ အနက် တစ်ခုဖြစ်ပါတယ်။ သို့သော် အဲ့အထိမ်းအမှတ်ရုပ်ထုကြီးကို ထုလုပ်ခဲ့တုန်းက ဘယ်သူဘယ်ဝါရဲ့ မျက်နှာပုံစံကိုယူထားတယ်၊ ဘယ်သူ့အတွက် ရည်ရွယ်ပြီး ထုလုပ်ခဲ့တယ်.. အစရှိတဲ့ ရုပ်ထုဆိုင်ရာ အခြေံခံ အချက်အလက်များဟာ ယခုထိတိုင် အဖြေရှာမရသေးတဲ့ ပုစ္ဆာတစ်ခုလို ဖြစ်နေပါတယ်။

photo credit pngtree

အဲ့လူခြင်္သေ့ ရုပ်ထုကြီးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ရုပ်ထုတစ်ခု ဖြစ်နေသော်လည်း အနီးနားမှာရှိတဲ့ ပိရမစ်များထက် သိသိသာသာ သေးငယ်နေတာကို ပရိသတ်ကြီး မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အထောက်အထားများ၊ အတွေးအမြင်ပေါင်းစုံဖြင့် အဲ့ရုပ်ထုကြီးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သို့သော်လည်း မျက်မှောက်ခေတ် အီဂျစ် သုတေသီ ပညာရှင်များကမူ သူတို့ရဲ့ ယူဆသုံးသပ်ချက်တွေကို အီဂျစ်ရိုးရာ အစဉ်အလာတိုင်း ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ခန့်မှန်းချက်အရ ဘီစီ ၂၅၀၀ ခုနှစ်မှာ ဖာရို ခါဖီရီ (Khafre)ဆိုသူက တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် ခါဖီရီဟာ ဂီဇာ ကုန်းပြင်မြင့်တွင် ဒုတိယမြောက် ပိရမစ်ကို တည်ဆောက်ခဲ့သူလို့လည်း ထင်ရှားကျော်ကြားပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။