ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ထပ်ဆင့်အကယ်ဒမီဆုရှင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ သူမက အောင်မြင်မှုတွေကို အရည်အချင်းရှိရှိထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အူဝဲက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- LiJohn Photography
Photo Credit- LiJohn Photography
Photo Credit- LiJohn Photography

သရုပ်ဆောင်ပြေတီဦးနဲ့ လက်ထပ်ထိမ်းမြားခဲ့တဲ့ အိန္ဒြာကျော်ဇင်က အခုတော့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ အူဝဲရဲ့သားနဲ့သမီးကလည်း ဖေဖေနဲ့မေမေလို အချောလေးတွေဖြစ်ကြပြီး အရမ်းချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေကအချစ်ပိုနေရတာ ဖြစ်ပါတယ်။ အခုလည်း အူဝဲက သားနဲ့သမီးကိုကျောင်းလိုက်ပို့ရင်း ဖိုးဓီတို့မောင်နှမရဲ့ချစ်စရာဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးထားပါတယ်။

Photo Credit- Eaindra Kyaw Zin's FB Page
Photo Credit- Eaindra Kyaw Zin's FB Page
Photo Credit- Eaindra Kyaw Zin's FB Page

ဖိုးဓီတို့မောင်နှမနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လက်တွဲကာ အတူတူကျောင်းသွားနေပုံလေးကို မေမေအူဝဲက ဗီဒီယိုရိုက်ပြီး တင်ထားတာဖြစ်ပါတယ်။ အူဝဲက "ကျောင်းပို့ခဲ့ မောင်နှမနှစ်ယောက်လက်တွဲပြီးသွားဆိုလို့ " ဆိုပြီး မေမေ့စကားနားထောင်တဲ့ကလေးနှစ်ယောက်ရဲ့ဗီဒီယိုလေးကို မျှဝေထားတာဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အူဝဲသားနဲ့သမီးရဲ့ ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Eaindra Kyaw Zin's FB Page

Source & Video Credit-Eaindra Kyaw Zin's IG 

Photo Credit- Eaindra Kyaw Zin's FB Page
Photo Credit- Eaindra Kyaw Zin's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။