နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ မင်းသမီးချောလေးပိုးအိအိခန့်တို့ရဲ့ သားလေးသဲကိုးလေးကိုလူတိုင်းသိကြမယ်ထင်ပါတယ်နော်။ ၀၀ကစ်ကစ်ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းလွန်းတဲ့သဲကိုးလေးကို ပရိတ်သတ်တွေကပါအချစ်တွေပိုနေရတာပဲဖြစ်ပါတယ်။ သဲကိုးလေးဟာ မျက်နှာပြုံးချိုချိုလေးနဲ့ အမြဲတန်းနေလေ့ရှိပြီး မေမေပိုးအိခန့်တစ်ယောက်ကတော့ ချစ်မဝတွေဖြစ်လို့နေပါတယ်။


Photo Credit-Poe Ei Ei Khant's Facebook
Photo Credit-Poe Ei Ei Khant's Facebook

ပိုးအိအိခန့်ဟာ မကြာခဏဆိုသလို သားငယ်လေးရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုsocial networkတွင်တင်ပေးလေ့ရှိပါတယ်။ ယခုလည်းသူမရဲ့facebookစာမျက်နှာတွင် Good Morningပါ အမြဲတန်းပြုံးရင်သဲကိုးဟုတ် မပြုံးရင်သဲကိုးမဟုတ်ဆိုတဲ့captionလေးနဲ့ သားငယ်လေးရဲ့ ချစ်စဖွယ်ပုံရိပ်တွေကိုတင်ပေးလာပါတယ်။ သဲကိုးလေးဟာ အိပ်ယာထဲကနေ ပါးဖောင်းဖောင်းလေးနဲ့ အူယားစရာကောင်းလှအောင်ကိုပြုံးပြပြီးပျော်ရွှင်နေတာဖြစ်ပါတယ်နော်။


Photo Credit-Poe Ei Ei Khant's Facebook
Photo Credit-Poe Ei Ei Khant's Facebook

ပိုးအိအိခန့်ဟာ လတ်တလောတွင် အနုပညာအလုပ်တွေကိုခဏရပ်ထားပြီး သားငယ်လေးအတွက်အချိန်ပေးကာဂရုစိုက်စောင့်ရှောက်နေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော မေမေပိုးအိခန့် အနုပညာအလုပ်တွေ ပြန်လုပ်ရင်အားပေးကြမယ်မလား။ ချစ်စရာကောင်းစွာရယ်မောနေတဲ့ သားသားလေးသဲကိုးရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Poe Ei Ei Khant's Facebook
Photo Credit-Poe Ei Ei Khant's Facebook

Source-Poe Ei Ei Khant's Facebook

Photo Credit-Poe Ei Ei Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။