အဆိုတော် မနောကတော့ မြန်မာသံသီချင်းလေးတွေ အလွမ်းသီချင်းလေးတွေ မြူးမြူးကြွကြွ သီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် မနောကတော့ သီချင်းသစ်လေးတွေကိုလဲ ထွက်ရှိနေသူလေးပဲ ဖြစ်ပါတယ်။  

photo credit : Manaaw 's facebook
photo credit : Manaaw 's facebook

ယခုမှာတော့ အဆိုတော်မနောတစ်ယောက် မိဘဆိုတာ သားသမီးများအပေါ် ဘာသာသာသနာကို ကိုးကွယ်ဆည်းကပ်တတ်အောင် သင်ကြားပေးရမယ်ဆိုတဲ့ အတိုင်း သမီးလေးကို သီလရှင် ဝတ်ပေးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော် မနောရဲ့ သမီးဖြစ်သူကို သီလရှင်ဝတ်ပေးခဲ့တဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

photo credit : Manaaw 's facebook
photo credit : Manaaw 's facebook

မနောကတော့ " သမီးလေး မေကြေးမုံ သီလရှင် ဝတ်ပေးခဲ့တယ် မိဘဝတ် မကောင်းမြစ်တာ ကောင်းရာညွှတ်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိန်းမြားခြင်းလျှင် ဝတ်ငါးအင် ဖခင် မယ်တို့တာတဲ့ မိဘဆိုတာ သားသမီးများအပေါ် ကောင်းရာညွှန်လတ် ဆိုသည့်အတိုင်း ဘာသာသာသနာကို ကိုးကွယ်ဆည်းကပ်တတ်အောင် ငယ်စဉ်ကတည်းက သင်ကြားပေးလာရတာပေါ့ဗျာ သားသမီးအပေါ် အမွေခံထိုက်စေပေါ့ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Manaaw 's facebook
photo credit : Manaaw 's facebook

source: Manaaw 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။