သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးရင်း အနုပညာလောကမှာ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ အမြဲလှနေတတ်တဲ့ ပိုးအိအိခန့်က သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တာကြောင့် ပရိသတ်တွေရဲ့အသည်းကျော်လေး ဖြစ်လို့လာခဲ့တာပါ။ ဒါ့အပြင် ပိုးအိအိခန့်တစ်ယောက် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို အရင်ကထက်တောင် ပိုမိုရရှိနေတာ ဖြစ်ပါတယ်။

Photo Credit-Alinn Yaung
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Alinn Yaung

အခုဆိုရင် ပိုးအိအိခန့်က သူမချစ်ရတဲ့ နိုင်ငံ့ဂုဏ်ဆောင်ဘောလုံးသမားအောင်သူနဲ့ လက်ထပ်ထိမ်းမြားပြီး သားလေးတစ်ယောက်တောင် ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံကတော့ သားလေးကြောင့် ပိုမိုပျော်ရွှင်နေရတာ ဖြစ်ပါတယ်။ ပိုးအိအိခန့်က သူမတို့မိသားစုရဲ့အပျော်လေးတွေကို အမြဲမျှဝေပေးလေ့ရှိပြီး အခုလည်း ချစ်ခင်ပွန်းနဲ့ အပြန်အလှန်ပြောထားတဲ့ စာလေးတွေကို တင်ထားပါတယ်။ 

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

ပိုးအိအိခန့်တစ်ယောက် သူမရဲ့ချစ်ခင်ပွန်းကို "ကို"လို့ချစ်စနိုးလေးခေါ်လိုက်တာကို အောင်သူက "ဗျာ" လို့တောင်မထူးလို့ အရင်ကနဲ့မတူကြောင်းပြောပြီး စိတ်ကောက်နေတာပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က "ရအောင်ကိုထူးခိုင်းတာ လိုရင်းကိုမရောက်ဘူး" ဆိုပြီး ခင်ပွန်းနဲ့အပြန်အလှန်ပြောထားတဲ့စာလေးတွေကို တင်ထားထာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုးအိအိခန့်တို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ စာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Poe Ei Ei Khant's FB 

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။