၂၀၂၀ တိုကျို အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေးအတွက် ယှဉ်ပြိုင်ရမည့် တတိယအဆင့် ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းနှင့် မန္တလေးမြို့တွင် ခြေစမ်းပွဲ (၂) ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။ 

photo credit : MFF 's facebook
photo credit : MFF 's facebook

အဆိုပါ ခြေစမ်းပွဲများကို ဇန်နဝါရီ ၂၅ နှင့် ၂၈ ရက်တို့တွင် မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၃ရက် တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် အိမ်ရှင် တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ကစားသမား ၂၈ဦးဖြင့် စတင်ဖွဲ့စည်းလေ့ကျင့်နေပြီး ထိုင်းအသင်းနှင့် ခြေစမ်းပွဲအတွက် ကစားသမား ၂၆ဦးကို ပဏာမရွေးချယ်ထားခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကိုတော့ ယာယီနည်းပြချုပ်အဖြစ် လက်ထောက်နည်းပြ ဦးခင်မောင်ထွေးက တာဝန်ယူ လေ့ကျင့်နေပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

source: MFF 's facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။