မင်းသမီးချောလေး နော်ဖောအယ်ထားက အနုပညာနယ်ပယ်မှာ အချိန်အတိုအတွင်းနေရာလေးတစ်ခုကို ပရိသတ်တွေ အားပေးချစ်ခင်မှုတွေကြောင့် အခိုင်အမာရပ်တည်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ တရုတ်မင်းသမီးလေး ဂူးဂူးနဲ့ တူတယ်ဆိုပြီး ပရိသတ်တွေကထင်ကြေးပေးခဲ့ရတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ဇာတ်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေအတွက် သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို ချပြသွားမှာလည်းဖြစ်ပါတယ်။

Photo Credit - Naw Phaw Eh Htar's Facebook
Photo Credit - Naw Phaw Eh Htar's Facebook

ယခုမှာဆိုရင်လည်း နော်ဖောအယ်ထားလေးက လွန်ခဲ့တဲ့ ၂နှစ်က ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုတင်ပေးလားခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ လွန်ခဲ့တဲ့ ၂နှစ်က မင်းသမီးချောလေး နော်ဖောအယ်ထားရဲ့ မျက်နှာလေးတွေက ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ ချစ်စရာအလွန်းကောင်းလောက်ပါတယ်နော်..။ ဒါ့အပြင် လွတ်လပ်ပေါ့ပါးပြီး ဆွဲဆောင်မှု ရှိရှိ လှသွေးကြွယ်နေတဲ့ အမူအရာလေးတွေကလည်း မြင်သူတကာရဲ့ရင်ထဲမှာ ချစ်ခြင်းမေတ္တာကိုရရှိစေမှာအမှန်ပါနော်…..။

Photo Credit - Naw Phaw Eh Htar's Facebook
Photo Credit - Naw Phaw Eh Htar's Facebook

ပရိသတ်ကြီးကလည်း နော်ဖောအယ်ထားရဲ့ လွန်ခဲ့တဲ့ ၂နှစ်ကအမှတ်တရပုံလေးတွေက ချစ်စရာကောင်းလွန်းတာကြောင့် အသည်းလေးတွေပေးလိုက်ပါဦးနော်..။ မင်းသမီးချောလေး နော်ဖောအယ်ထားကလည်း ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်းတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပရိသတ်တွေပြန်လည်ကြည့်ရှုခံစားစေဖို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး နော်ဖောအယ်ထားရဲ့ လွန်ခဲ့တဲ့ ၂နှစ်က ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Naw Phaw Eh Htar's Facebook
Photo Credit - Naw Phaw Eh Htar's Facebook

Photo Credit - Naw Phaw Eh Htar's Facebook

Source - Naw Phaw Eh Htar's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။