တစ်ခါပြုံးလိုက်တိုင်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကို တဒုတ်ဒုတ်လှုပ်ခတ်စေနိုင်တဲ့မင်းသားလေးကတော့ Mrtv-4ရဲ့ မင်းသားချောကောင်းမြတ်စံပါ။ သူဟာ ဇာတ်လမ်းတွဲများနဲ့ ပရိတ်သတ်ရင်ထဲကိုရောက်ရှိလာပြီး ယခုအချိန်တွင် ရုပ်ရှင်ကားကြီးများကိုလည်းရိုက်ကူးနေပြီဖြစ်ပါတယ်။ ကောင်းမြတ်စံဟာသရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ပွင့်လင်းစွာနေထိုင်တတ်သူဖြစ်သောကြောင့် ပရိတ်သတ်တွေရဲ့အသည်းစွဲမင်းသားလေးဆိုလည်းမှားမယ်မထင်ပါဘူးနော်။


Photo Credit-Kaung Myat San's Facebook
Photo Credit-Kaung Myat San's Facebook

မကြာသေးမီက ကောင်းမြတ်စံဟာသူ့ရဲ့facebookစာမျက်နှာတွင် နှမတော်လေးရေ မောင်ကြီးနဲ့အတူဆိတ်ကျောင်းရအောင်လေဆိုတဲ့ captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကောင်းမြတ်စံတစ်ယောက်ကတော့ လယ်ကွင်းပြင်ကြီးထဲမှာ ခမောက်လေးကိုဆောင်းထားပြီး တုတ်တစ်ချောင်းနဲ့ဆိတ်ကျောင်းနေတာဖြစ်ပါတယ်။ ဆိတ်ကျောင်းသားလေးဖြစ်နေလည်း ပရိတ်သတ်ကြီးကသည်းသည်းလှုပ်ချစ်နေကြတယ်မလား။

Photo Credit-Kaung Myat San's Facebook
Photo Credit-Kaung Myat San's Facebook

ကောင်းမြတ်စံဟာလတ်တလောတွင် ဇာတ်လမ်းတွဲများကိုအဆက်မပြတ်ရိုက်ကူးနေပြီး ပရိတ်သတ်တွေအတွက်အကောင်းဆုံးကြိုးစားနေတာပါနော်။ ပရိတ်သတ်ကြီးရောကောင်းမြတ်စံလေးကိုအားပေးကြမယ်မလား။ ဆိတ်ကျောင်သားလေးကောင်းမြတ်စံရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Kaung Myat San's Facebook
Photo Credit-Kaung Myat San's Facebook

Source-Kaung Myat San's Facebook

Photo Credit-Kaung Myat San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။