ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေအားပေးချစ်ခင်နေကြပြီး ရယ်စရာဟာသလေးတွေနဲ့ မရိုးအောင်အမျိုးမျိုး ရယ်မောပျော်ရွှင်စေတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေကတော့ ဒိန်းဒေါင်၊ လင်းလင်းနဲ့ ညီညီမောင်(စမ်းချောင်း) တို့ပဲ ဖြစ်ပါတယ်နော်..။

မတူညီကြတဲ့ အနုပညာနယ်ပယ်တွေကနေ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေကိုယ်စီနဲ့ အခိုင်အမာအောင်မြင်နေကြတဲ့ သူတို့သုံးယောက်ကတော့ အခုဆိုရင် အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်နေပြီ ဖြစ်ပါတယ်နော်..။


Photo Credit - Lin Lin’s Facebook
Photo Credit - Lin Lin’s Facebook

ရယ်စရာအခွီလေးတွေနဲ့ ပရိသတ်တွေကို အမြဲစိတ်ပျော်ရွှင်စေတဲ့ ဒိန်းဒေါင်၊ လင်းလင်းနဲ့ သုသုတို့ သုံးယောက်ကတော့ အခုတစ်ခါမှာလည်း သုံးယောက်အတူ ဒွန့်ထားတဲ့ ချစ်စရာအခွီဗီဒီယိုဖိုင်လေးကို မျှဝေလိုက်ပြန်ပါတယ်နော်..။

နာမည်ကျော်သီချင်းကောင်းလေးဖြစ်တဲ့ “၁၆နှစ်တစ်ရက်လျော့” သီချင်းလေးနဲ့အတူ ချစ်စရာကောင်းစွာ အတွဲညီညီနဲ့ သုံးယောက်သား အပီကနေကြတဲ့ အခွီဗီဒီယိုလေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေကြတာပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Lin Lin’s Facebook
Photo Credit - Lin Lin’s Facebook

“မောင်စိတ်ကြိုက်ပေါ့..” ဆိုပြီး သုံးယောက်သား အပီဒွန့်ထားကြတဲ့ ချစ်စရာအခွီဗီဒီယိုဖိုင်လေးကို လင်းလင်းက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကို သဘောကျနေကြတယ် မဟုတ်လား..။

ကဲ.. ဒီကနေ့လေးမှာတော့ ပြည်သူ့အချစ်တော် သုံးယောက်ရဲ့ အခွီဗီဒီယိုလေးကိုကြည့်ရင်း စိတ်အမောလေးတွေ ဖြေကာ ပျော်နိုင်ကြစေဖို့ တင်ဆက်ပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြပါဦးနော်..။

Photo Credit - Lin Lin’s Facebook
Photo Credit - Lin Lin’s Facebook

Photo Credit & Video Source - Lin Lin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။