ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ လက်ရှိမှာ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေထွက်ရင်း ပျော်ရွှင်လို့နေတာ ဖြစ်ပါတယ်။ ခရီးသွားရတာကိုဝါသနာပါတဲ့ သက်မွန်မြင့်တို့သူငယ်ချင်းတစ်စုက မကြာခဏဆိုသလို ပြည်တွင်းပြည်ပ ခရီးတွေထွက်လေ့ရှိတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ချစ်သက်တို့အဖွဲ့က အိန္ဒိယနိုင်ငံကို သွားရောက်ပြီး နေရာအနှံ့စုံလင်အောင်လည်ပတ်ကာ ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Ma Pont's Facebook
Photo Credit-Ma Pont's Facebook

ဒီတစ်ခေါက်ခရီးထွက်ကြတဲ့ ချစ်သက်တို့ BFF အဖွဲ့လေးမှာတော့ ခင်လေးနွယ်၊ ယုသန္တာတင်၊ ဒီဇိုင်နာမပုံ့နဲ့ အခြားသူငယ်ချင်းတွေ စုံစုံလင်လင် ပါဝင်ကြတာပဲ ဖြစ်ပါတယ်။ ချစ်သက်တို့သူငယ်ချင်းတစ်စုကတော့ အိန္ဒိယနိုင်ငံကိုရောက်တုန်းမှာ အထင်ကရနေရာတွေကိုသွားရောက်လည်ပတ်ခဲ့သလို အတူတူဈေးဝယ်ထွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက အထည်စတွေကိုစိတ်တိုင်းကျရွေးချယ်ဝယ်ယူနေတဲ့ ချစ်သက်တို့အဖွဲ့လေးကတော့ ပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ်။

Photo Credit-Ma Pont's Facebook
Photo Credit-Ma Pont's Facebook
Photo Credit-Ma Pont's Facebook

အခုလည်း ဒီဇိုင်နာမပုံ့က အိန္ဒိယနိုင်ငံမှာ လိုချင်တဲ့အထည်စတွေကိုရှာဖွေရင်း ဈေးဝယ်ထွက်နေကြတဲ့ သူမတို့သူငယ်ချင်းတစ်စုရဲ့ပုံလေးတွေကို မျှဝေထားပါတယ်။ တက်ညီလက်ညီနဲ့ လူစုံတက်စုံ အထည်တွေဝယ်နေကြတဲ့ ချစ်သက်တို့အဖွဲ့ကိုကြည့်ရင်း ပရိသတ်တွေပါ အပျော်တွေကူးစက်နေမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိန္ဒိယနိုင်ငံရောက် မင်းသမီးချောလေး သက်မွန်မြင့်တို့အဖွဲ့ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Ma Pont's Facebook 

Photo Credit-Ma Pont's Facebook
Photo Credit-Ma Pont's Facebook
Photo Credit-Ma Pont's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။