မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် ရှမ်းယူနိုက်တက် ဂိုးသမား ဘုန်းသစ္စာမင်း၏ ဒူးဒဏ်ရာကို ယနေ့ နံနက် ၉:၀၀ နာရီက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သွန်ဘူရီဆေးရုံတွင် ခွဲစိတ်ခဲ့ရာ အောင်မြင်ခဲ့ပါတယ်။ ဘုန်းသစ္စာမင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အသင်းလေ့ကျင့်ခန်း အစီအစဉ်တွင် ညာဘက်ဒူး ကြက်ခြေခတ် အရွတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။  

photo credit : shan united' s facebook
photo credit : MFF ' s facebook

ဘုန်းသစ္စာမင်းဟာ အဆိုပါ ဒဏ်ရာအား ဖိလစ်ပိုင်ဆီးဂိမ်းစ်မတိုင်မီ အောက်တိုဘာလ ဒုတိယပတ်အတွင်း ပဏာမ မြန်မာ့လက်ရွေးစင် ယူ၂၂အသင်းနှင့် လေ့ကျင့်ရေးဆင်းစဉ် ရရှိခဲ့ခြင်းဖြစ်ပြီး ကာတာနိုင်ငံသို့ခြေစမ်းပွဲသွားရောက်သည့် ခရီးစဉ်အပါအဝင် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲအားလည်း လွဲချော်ခဲ့ရပါတယ်။

photo credit : shan united' s facebook
photo credit : MFF ' s facebook

ခွဲစိတ်ပြီး နှစ်လခန့်တွင် အပေါ့စားလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ခြောက်လ အကြာတွင် ပုံမှန်လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ ကာတာလေ့ကျင့်ရေး ခရီးစဉ်တွင် ဘယ်ခြေကျင်းဝတ် ဒဏ်ရာရခဲ့သည့် မြန်မာယူ-၂၂ အသင်း နောက်ခံလူ ကျော်သူထွန်းသည်လည်း သွန်ဘူရီ ဆေးရုံသို့ ရောက်ရှိနေပြီး ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : shan united 's facebook

source: MFF ' s facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။