မင်းသမီးချော နန္ဒာလှိုင်ကတော့ ချောမောလှပပြီး ကျက်သရေရှိတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့အလှက အေးချမ်းကြည်လင်နေတာ ဖြစ်ပါတယ်။ နှစ်တွေဘယ်လိုပြောင်းပြောင်း နုပျိုတဲ့အလှတွေကတော့ ပြောင်းလဲခြင်းမရှိတဲ့ နန္ဒာလှိုင်က ယနေ့ခေတ်လူငယ်တွေနဲ့အပြိုင် လှနေနိုင်တာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုရပ်နားထားတဲ့ နန္ဒာလှိုင်ကိုတော့ ပရိသတ်တွေက အခုချိန်အထိ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။

Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB

နန္ဒာလှိုင်က သမီးချောလေးသုံးယောက်ရဲ့မိခင်ဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ မိခင်ကောင်းတစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်က သမီးလေးသုံးယောက်လုံးကို မိခင်မေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ အခုလည်း နန္ဒာလှိုင်က အားကစားလုပ်နေတဲ့ သမီးလေးတွေကို အနောက်ကနေလိုက်စောင့်ပေးပြီး နေ့လည်စာစားချိန်မှာ ကိုယ်တိုင်ထမင်းကျွေးနေတာပဲ ဖြစ်ပါတယ်။

Photo Credit-Zay Thiha's FB
Photo Credit- Nandar Hlaing's FB
Photo Credit-Zay Thiha's FB

သမီးလေးတွေကို ထမင်းကျွေးရင်း ပီတိဖြစ်နေတဲ့အပြုံးလေးတွေနဲ့ ကြည့်နေတဲ့ နန္ဒာလှိုင်ရဲ့ပုံလေးကိုတော့ ခင်ပွန်းဖြစ်သူ ဇေသီဟက " သမီးတွေ နေ့လည်စာစားချိန် " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းကသူငယ်ချင်းတွေနဲ့အတူ Game ဆော့တဲ့သမီးလေးရဲ့ဗီဒီယိုလေးကိုလည်း နန္ဒာလှိုင်ကတင်ပေးထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန္ဒာလှိုင်တို့မိသားစုလေးရဲ့ကြည်နူးစရာပုံရိပ်လေးတွေနဲ့ အားကစားလုပ်နေတဲ့သမီးလေးရဲ့ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& Photo Credit-Zay Thiha's FB & Nandar Hlaing's FB 

Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB

Video Credit-Nandar Hlaing's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။