ယနေ့ချိန်ထိ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး မိုးအောင်ရင်ပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေနဲ့ အရမ်းကိုအလှမ်းဝေးသွားပင်မယ့်လည်း ယနေ့ချိန်မှာတော့ ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့ဇာတ်ကားတွေကို အားပေးရန် စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit - Moe Aung Yin's Facebook
Photo Credit - Moe Aung Yin's Facebook
Photo Credit - Moe Aung Yin's Facebook

မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးရန် ရှိနေတာပဲ ဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ အားလပ်ချိန်တိုင်းကိုလည်း မိသားစုနှင့်သူငယ်ချင်းတွေနဲ့အတူ တန်ဖိုးရှိတဲ့ အချိန်တွေ ဖြတ်သန်းကုန်ဆုံးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အမှတ်တရပုံလေးတစ်ပုံကို ပြန်လည်ဝေမျှထားတာပဲ ဖြစ်ပါတယ်။

Photo Credit - Moe Aung Yin's Facebook
Photo Credit - Moe Aung Yin's Facebook
Photo Credit - Moe Aung Yin's Facebook

ဒါကတော့ လွန်ခဲ့တဲ့ ခုနှစ်နှစ်က ထိပ်တန်းသရုပ်ဆောင်တွေ ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုး၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတစ်ပုံကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပြန်လည် ဝေမျှထားတာပဲ ဖြစ်ပါတယ်။ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ယနေ့ချိန်ထိ အချစ်ဆုံးသူငယ်ချင်းတွေ အဖြစ် မြင်တွေ့နေရဆဲပါပဲ ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo Credit - Moe Aung Yin's Facebook 

Photo Credit - Moe Aung Yin's Facebook
Photo Credit - Moe Aung Yin's Facebook
Photo Credit - Moe Aung Yin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။