အေးချမ်းတဲ့မျက်နှာလေးနဲ့ သဘာဝကျကျသရုပ်ဆောင်နိုင်သူလေးကတော့ မင်းသမီးချောလေး မုဏ်းပါ။ သူမဟာMrtv-4ရုပ်သံဇာတ်လမ်းတွဲများနဲ့ အောင်မြင်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးများကိုပါရိုက်ကူးနေရတာပဲဖြစ်ပါတယ်။ မုဏ်းဟာ တက်သစ်စမင်းသမီးတစ်ယောက်ဖြစ်သော်လည်း သရုပ်ဆောင်ပိုင်းတွင် ဝါရင့်အနုပညာရှင်ကြီးများနဲ့အညီ ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။


Photo Credit-Mone-မုဏ်း's Facebook
Photo Credit-Mone-မုဏ်း's Facebook

မကြာသေးမီက မုဏ်းဟာသူမရဲ့facebookစာမျက်နှာတွင် ဂျစ်ကန်ကန်နဲ့လုပ်ချင်ရာလုပ်တတ်ပြီးဘယ်သူ့စကားမှနားမထောင်တတ်တဲ့ကောင်မလေးကို နူးနူးညံံ့ညံ့နဲ့နွေးထွေးလှတဲ့ ကောင်မလေးဖြစ်အောင်လုပ်နိုင်တဲ့ မောင့်ရဲ့အကြောင်းကိုစာအရှည်ကြီးရေးပြီး သူမရဲ့ပုံလေးတွေနဲ့အတူတင်ပေးလာပါတယ်။ မုဏ်းဟာ မြန်မာဆန်ဆန်လေးဝတ်ဆင်ထားပြီး ဆံပင်လေးကိုရိုးရိုးယဉ်ယဉ်ထုံးဖွဲ့ထားတာပဲဖြစ်ပါတယ်။ ကျက်သရေရှိရှိလေးနဲ့လှနေတဲ့မင်းသမီးချောလေးမုဏ်းပါပဲနော်။


Photo Credit-Mone-မုဏ်း's Facebook
Photo Credit-Mone-မုဏ်း's Facebook

မုဏ်းဟာလတ်တလောတွင်ဇာတ်လမ်းတွဲများရိုက်ကူးနေပြီး ပရိတ်သတ်တွေအတွက် အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်းမုဏ်းကိုချစ်ခင်အားပေးကြမယ်မလား။ ရိုးရိုးယဉ်ယဉ်လေးနဲ့လှနေတဲ့ မင်းသမီးချောလေးမုဏ်းရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Mone-မုဏ်း's Facebook
Photo Credit-Mone-မုဏ်း's Facebook

Source-Mone-မုဏ်း's Facebook

Photo Credit-Mone-မုဏ်း's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။