ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မင်းသမီးချောလေး ခြူးလေးကတော့ အနုပညာလောကမှာ နေရာတစ်ခုရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သူမကတော့ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အပြည်အဝရရှိနေသူလေးပဲ ဖြစ်ပါတယ်။

photo credit : Chue Chue 's facebook
photo credit : Chue Chue 's facebook

သူမကတော့ ချိုသာလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသလို ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောဆိုတတ်ပုံလေးတွေကြောင့် ပုရိသတွေရဲ့ အသည်းတစ်ခြမ်းမှာ နေရာယူထားသူလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်ကို တင်ပေးလေ့ရှိတဲ့ သူမကတော့ ယခုမှာ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်။

photo credit : Chue Chue 's facebook
photo credit : Chue Chue 's facebook

သူမကတော့ ယခုမှာ ကြည်လင်ဝင်းပတဲ့မျက်နှာလေးနဲ့ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေခဲ့ပါတယ်။ သူမကတော့ " ချစ်တယ် ကလေးဆိုးလေးတစ်ယောက်လို ချစ်တယ် " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ အတူ ရေးသားထားခဲ့တာပဲ ဖြစ်ရာ ချစ်ပရိသတ်တွေအတွက် ခြူးလေးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

photo credit : Chue Chue 's facebook
photo credit : Chue Chue 's facebook

source: Chue Chue 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။