မင်းသမီးချောလေး ခင်လေးနွယ် ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်ထဲက ယနေ့အချိန်အထိ နေရာတစ်ခုကိုအခိုင်အမာရပ်တည်နိုင်ခဲ့ပြီးဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်တွေကြိုက်နှစ်သက်တဲ့ဇာတ်ကားတွေပဲဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။ဒါ့အပြင် အမြဲတမ်း ပြုံးပျော်ရွှင်နေတက်တဲ့ သူမကိုတော့ ပရိသတ်တွေကလည်း ချစ်ကြမှာပါနော်..။

Photo Credit – Khin Lay New’ Facebook
Photo Credit – Khin Lay New’ Facebook

ယခုမှာဆိုရင်လည်း မင်းသမီးချောလေး ခင်လေးနွယ်က နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးအိန္ဒိယရိုးရာဝတ်စုံလေးကိုဝတ်ကာ ဓာတ်ဖမ်းထားတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို တင်ပေးလားခဲ့ပါတယ်။ ဒီပုံလေးတွေကိုတော့ခင်လေးနွယ်က “ ဘုရင်ကြီးကတော့ မိဖုရားကိုဒီနေရာကနေ တိုင်းပြည်ကြည့်ဖို့ ပြင်ဆင်ထားပေးတယ်…ကိုယ်ကတော့ အပြင်ကရုပ်ဝတ္ထုတွေထက် မင်းကို ခုလိုမျိုးလေးထိုင်ကြည့်နေရတာ ပိုပြည့်စုံတယ်လို့ခံစားရတယ်…” ဆိုပြီး Caption လေးတွေနဲ့ ရေးသားထားပါတယ်။

Photo Credit – Khin Lay New’ Facebook
Photo Credit – Khin Lay New’ Facebook

မင်းသမီးချောလေး ခင်လေးနွယ်ရဲ့ ပုံရိပ်လေးတွေကလည်း ဘုရင်မကြီးတစ်ပါးလိုတောင်ထင်မှတ်ရပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကို မြင်သူတိုင်းရဲ့ ရင်ထဲမှာ အချစ်တွေရရှိစေမှာ အမှန်ပါနော်…။ ပရိသတ်တွေအတွက် ခင်လေးနွယ် ကလည်း အိန္ဒိယရိုးရာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ခင်လေးနွယ်ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Khin Lay New’ Facebook

Source – Khin Lay New’ Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။