အသက်ငယ်ငယ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ နာမည်ရအောင်မြင်နေတဲ့ အနုပညာရှင်တွေထဲမှာတော့ မင်းသမီးချောလေးဖြူဖြူထွေးက တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ကျောင်းတက်ရင်းအနုပညာအလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်ခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင်ဘွဲ့တစ်ခုရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးက ရိုးသားဖြူစင်ပြီး ပွင့်လင်းတာကြောင့် ပရိသတ်တွေအားလုံးက သူမကိုချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

မိဘအပေါ်သိတတ်ပြီး ကိုယ်တိုင်လုပ်ကျွေးပြုစုနေတဲ့ ဖြူဖြူထွေးက ဇာတ်ကားတွေ၊ ကြော်ငြာတွေရိုက်ကူးရင်း ပိုမိုအောင်မြင်လာတာဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ဖြူဖြူထွေးတစ်ယောက် ကြော်ငြာလေးတွေအဓိကရိုက်ကူးနေရပြီး ပရိသတ်တွေအတွက် သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း မျှဝေပေးနေတာဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ အလှတွေပိုနေတဲ့ဗီဒီယိုလေးကို တင်ထားပါတယ်။

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

အားကစားဝတ်စုံလေးနဲ့ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်အလှတရားတွေပေါ်လွင်နေတဲ့ ဖြူဖြူထွေးက တစ်မျိုးလေးဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ်။ ချိုသာလွန်းတဲ့အပြုံးလေးတွေနဲ့ ဖမ်းစားထားတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးကတော့ ပရိသတ်တွေတောင် ကြည့်နေရင်းနဲ့ အသည်းကြွေနေရမှာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Phyu Phyu Htwe's FB & Tik Tok 

Photo Credit- Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။