မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံရှမ်းယူနိုက်တက်အသင်းသည်ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းကပဲခူးမြို့သို့ ရောက်ရှိလာပြီ လည်းဖြစ်ပါတယ်။ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းသည်အမှတ်ပေးပြိုင်ပွဲ အပတ်စဉ် (၂)၊ ပွဲစဉ် (၈) အဖြစ်ပဲခူးမြို့တွင် ဇန်နဝါရီလ (၁၈) ရက်နေ့၊ စနေနေ့၌ဟံသာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး၊ယနေ့ ညနေပိုင်းတွင် Official Training ပြုလုပ်မည် ဖြစ်ပါတယ်။

Photo Credit - Shan United FC

ရှမ်းယူနိုက်တက်အသင်းသည်ပြီးခဲ့သော ဇန်နဝါရီလ (၁၄) ရက်နေ့က AFC Champions League ၊ Preliminary ပွဲစဉ်အဖြစ် ဖိလစ်ပိုင် နိုင်ငံ၊မနီလာမြို့တွင် ဖိလစ်ပိုင်ကလပ် ဆဲရက်စ် နီဂရိုးအသင်းနှင့်ယှဉ်ပြိုင်ကာ ဇန်နဝါရီလ (၁၅) ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ဆဲရက်စ်အသင်းနှင့် ကစားခဲ့သော ပွဲတွင်အိမ်ရှင်အသင်းက (၃-၂) ဂိုးဖြင့် အနိုင် ရခဲ့ပါတယ်။

Photo Credit - Shan United FC

အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည်ပြည်တွင်း အမှတ်ပေးပွဲ အဖြစ် အပတ်စဉ် (၁) တွင် ISPE FC နှင့် ရင်ဆိုင်ခဲ့ရာ တိုက်စစ်မှုး ကိသ်နား၏တလုံးတည်းသော ခေါင်းတိုက်ဂိုးဖြင့် အနိုင် ရထားခဲ့ပါတယ်။ဟံသာဝတီပွဲ အတွက် လိုက်ပါလာသောကစားသမား (၁၈) ယောက် စာရင်းများကတော့သီဟစည်သူ၊ မျိုးမင်းလတ်၊ ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း၊ရဲမင်းသူ၊ ဒန်နီရယ်၊ တလွန်ဟုပ်ထန်း၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ထက်ဖြိုးဝေ၊ ဆက်ဖြိုးဝေ၊ မက်ဆီမင်၊ အဘူဘာကာ၊ဇွဲသက်ပိုင်၊ ရန်နိုင်ဦး၊ စအောင်ပြည့်ကို၊ ဇင်မင်းထွန်း၊ ကိသ်နားတို့ ပဲဖြစ်ပါတယ်။ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မြန်မာနေရှင်လိဂ်ရဲ့ ပွဲစဉ်(၂) အတွက် ဇန်နဝါရီလ (၁၈) ရက်နေ့ တွင် ဟံသာဝတီ အသင်းနဲ့ ယှဉ်ပြိုင်ကစာရမယ် ပွဲစဉ်ကိုပြန်လည်တင်ပြပေးလိုက်ပါတယ်။

Photo Credit - Shan United FC

Source - Shan United FC  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။