ပရိသတ်ကြီးရေ.. ရယ်စရာဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကိုအချစ်ပိုစေတဲ့ ဖြူဖြူထွေးကတော့ အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေတာကို ပရိသတ်တွေလည်း မြင်တွေ့ရမှာပါနော်..။

ရိုးသားပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားသလို ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေပြီး ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်နော်..။


Photo Credit - Amazing Grace Photography
Photo Credit - Phyu Phyu Htwe’s Facebook

သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိတဲ့ ဖြူဖြူထွေးကတော့ အခုလည်း ရိုက်ကွင်းနောက်ကွယ်က အလွဲလေးတွေနဲ့ သူမရဲ့လှုပ်ရှားမှုလေးတွေကို ထုတ်ပြလိုက်ပြန်ပါတယ်နော်..။

ကြော်ငြာရိုက်ကွင်းပေါ်က ဟန်ဆောင်မှုတွေကင်းတဲ့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် သီချင်းလေးကြားပြီး အပီဒွန့်နေတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။


Photo Credit - Phyu Phyu Htwe’s Facebook
Photo Credit - Phyu Phyu Htwe’s Facebook

“ဖြူဖြူထွေး နာကိုသီချင်းမဖွင့်ပါနဲ့ဆို ကမိရော..” ဆိုပြီး ရိုက်ကွင်းနောက်ကွယ်က အခွီဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ ရိုးသားပွင်းလင်းတဲ့ပုံရိပ်လေးတွေအပြင် ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးမို့ ပရိသတ်တွေအားလုံးကလည်း အချစ်ပိုနေတာမို့ သူမရဲ့ဗီဒီယိုဖိုင်လေးကိုလည်း အသည်းလေးတွေပေးကာ အားပေးလိုက်ရအောင်နော်..။


Photo Credit - Phyu Phyu Htwe’s Facebook
Photo Credit - Phyu Phyu Htwe’s Facebook

Photo Credit - Phyu Phyu Htwe’s Facebook & Amazing Grace Photography

Video Source - Phyu Phyu Htwe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။