စန္ဒီမြင့်လွင်ကတော့ သီချင်းတွေ၊ ဇာတ်ကားတွေနဲ့ ဂီတလောကမှာရော အနုပညာလောကမှာပါ အောင်မြင်မှုများစွာ ရရှိနေသူလေး ဖြစ်ပါတယ်။အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်လာခဲ့တဲ့ စန္ဒီမြင့်လွင်က သမီးလေးမွေးပြီးတဲ့အချိန်မှာလည်း သူမဝါသနာပါတဲ့ သီချင်းတွေကို ဆက်လက်ဖန်တီးနေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သီချင်းကောင်းကောင်းလေးတွေဖန်တီးတတ်တဲ့ စန္ဒီမြင့်လွင်ရဲ့အနုပညာလှုပ်ရှားမှုတွေကို အမြဲစောင့်မျှော်အားပေးနေရတာပါ။

Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's IG

စန္ဒီမြင့်လွင်က သူမနဲ့တစ်ထေရာတည်းတူပြီး အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားရတာလည်း ဖြစ်ပါတယ်။ အများကအားကျရတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ စန္ဒီမြင့်လွင်က အခုလည်း မိသားစုနဲ့အတူ ငွေဆောင်ကမ်းခြေမှာ အပန်းဖြေနေတာ ဖြစ်ပါတယ်။ မနေ့ကလည်း စန္ဒီမြင့်လွင်က မျက်လုံးချင်းဆုံပြီး ကြည့်နေကြတဲ့ ခင်ပွန်းနဲ့သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးကို အမှတ်တရအနေနဲ့ တင်ထားပါသေးတယ်။

Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's IG
Photo Credit ThihaLwin's IG

ဒီပုံလေးမှာတော့ စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure က ဖေဖေနဲ့အတူ ဆော့ကစားရင်း သဘောကျရယ်မောကာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးတွေနဲ့ မြင်သူတိုင်းအသည်းယားစေလောက်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက ဘယ်လိုကြည့်ကြည့်ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်တို့မိသားစုလေးရဲ့ ကြည်နူးပျော်ရွှင်စရာ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sandy Myint Lwin's IG & ThihaLwin's IG 

Photo Credit ThihaLwin's IG
Photo Credit-Sandy Myint Lwin's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။