ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ခရီးသွားဝါသနာပါတဲ့ သူတွေ ပိုပြီး စိတ်ဝင်တစား ဖတ်ရှုကြမယ်လို့ ယုံကြည်ပါတယ်။ အရမ်းကို လည်ပတ်ချင်စရာကောင်းတဲ့ နေရာလေးကို ဖော်ပြပေးသွားမှာမလို့ပါ။ ပြည်ပခရီးသွားချင်တဲ့သူတွေထဲကမှ အခုဖော်ပြပေးမယ့် စူချောင် (Suzhou) တူးမြောင်းဟာဆိုရင် စစ်မှန်တဲ့ သဘာဝတရားကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ရှုမျှော်ချင်စရာကောင်းတဲ့ မြင်ကွင်းလေးတွေ အများအပြားရှိပြီး ဗဟုသုတု အနေနဲ့ မှတ်သားသိရှိထားရအောင် ရေးသားဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။

photo credit pngtree

တရုတ်နိုင်ငံရဲ့ ဗင်းနစ်ဆိုပြီး တင်စားခေါ်ဆိုကြတဲ့ စူချောင်ဟာ ယန်စီမြစ် အောက်ပိုင်း တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိတာ ဖြစ်ပါတယ်။ အဲ့အလွန်လှပတဲ့ တူးမြောင်းကြီးကို ဘီစီ ၅ ရာစုခန့်တွင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဓိက စူချောင်တူးမြောင်းကြီး နာမည်ကျော်လူသိများတဲ့အချက်က လှပသော ရေလမ်းကြောင်းအများအပြားရှိတာကြောင့် ဖြစ်ပါတယ်။ ကြည်လင်လှပတဲ့ ရေလှိုင်းလေးတွေအပေါ်မှာ လှေပေါ် ဈေးသည်လေးတွေနဲ့ စည်ကားသာယာနေတာကို ပရိသတ်ကြီး စိတ်ကူးထဲမှာ မြင်ယောင်ကြည့်လိုက်ပါနော်။

photo credit pngtree

ဒါ့အပြင် စူချောင်တူးမြောင်းမှာ ရှုပ်ထွေးလှတဲ့ ဥယျာဉ်များနှင့် သမိုင်းဝင် ကျောက်တံတားများ ရှိပါတယ်။ တစ်ချိန်က စူချောင်ကို ပိုးကုန်သွယ်မှုလုပ်ငန်း လမ်းကြောင်းအဖြစ် အသုံးပြုခဲ့သဖြင့် လူသိများ ကျော်ကြားပါတယ်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကုန်သွယ်ရေလမ်းကြောင်း တစ်ခု ဖြစ်တဲ့ ဂရန်း တူးမြောင်းနှင့် ကပ်လျက် တည်ရှိနေပါတယ်။ နောင်လည်း သွားရောက် လည်ပတ်ချင်စရာကောင်းတဲ့ နေရာအထူးအဆန်းလေးတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။