ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ချစ်စဖွယ်မျက်နှာလေးကြောင့် ပရိတ်သတ်အခိုင်အမာရရှိထားသူလေးကတော့ Mrtv-4ရဲ့မင်းသမီးလေးပိုးကြာဖြူခင်ပါ။ သူမဟာ ဆိုင်းမိုင်ဆိုတဲ့ဇာတ်ရုပ်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိတ်သတ်ရင်ထဲမှာ နေရာတစ်နေရာရရှိခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ showပွဲများလည်း ဆက်တိုက်သီဆိုနေပြီး အနုပညာလုပ်ငန်းများကို အဆက်မပြတ်ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်နော်။


Photo Credit-Poe Kyar Phyu Khin's Facebook
Photo Credit-Poe Kyar Phyu Khin's Facebook

မကြာသေးမီက ပိုးကြာဖြူခင်ဟာသူမရဲ့facebookစာမျက်နှာတွင် ဒဂုံတက္ကသိုလ် မြန်မာစာဌာနကအချစ်တွေနဲ့အတူဆိုတဲ့ captionလေးနဲ့သီဆိုဖျော်ဖြေနေတဲ့ပုံရိပ်တွေကိုတင်ပေးလာပါတယ်။ သူမဟာ ဒဂုံတက္ကသိုလ်မြန်မာစာဌာနရဲ့Fresher Welcomeပွဲသို့ အဆိုတော်စိန်လင်းနဲ့အတူ သွားရောက်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ သူမချစ်တဲ့ပရိတ်သတ်တွေနဲ့ တွေ့ဆုံဖျော်ဖြေခွင့်ရတဲ့အတွက်ပိုးကြာဖြူခင်တစ်ယောက်ပျော်နေတာပဲဖြစ်ပါတယ်။

Photo Credit-Poe Kyar Phyu Khin's Facebook
Photo Credit-Poe Kyar Phyu Khin's Facebook

မင်းသမီးချောလေးပိုးကြာဖြူခင်ဟာ လတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး သီချင်းအသစ်များလည်းထုတ်နိုင်ရန်ကြိုးစားနေတာဖြစ်ပါတယ်နော်။ ပရိတ်သတ်ကြီးရောပိုးကြာဖြူခင်ကိုချစ်ခင်အားပေးကြမယ်မလား။ Fresher welcomeပွဲမှာအားပါးတရသီဆိုဖျော်ဖြေနေတဲ့ ပိုးကြာဖြူခင်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Poe Kyar Phyu Khin's Facebook
Photo Credit-Poe Kyar Phyu Khin's Facebook

Source-Poe Kyar Phyu Khin's Facebook

Photo Credit-Poe Kyar Phyu Khin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။