ကစ်ကစ်လို့ချစ်စနိုးခေါ်ရတဲ့ ဝတ်မှုန်ရွှေရည် ကတော့ ပရိသတ်လက်ခံအားပေးပြီးသား နာမည်ကြီးအနုပညာရှင် မင်းသမီးချောလေး ဘဲ ဖြစ်ပါတယ် ။ သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီ နှစ်ခုကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ထားသူလေး လဲဖြစ်ပါတယ် ။ သူမရဲ့ မျက်နှာလေးက ဖြူဖြူစင်စင်နဲ့အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးဘဲ ဖြစ်ပါတယ် ။

Photo Credit- Wutt Hmone Shwe Yi’s Facebook Account
Photo Credit- Wutt Hmone Shwe Yi’s Facebook Account
Photo Credit- Wutt Hmone Shwe Yi’s Facebook Account

သူမရဲ့ဖက်ရှင်များဟာလည်း ပရိသတ်တွေအမြင်မရိုင်းအောင် ဝတ်ဆင်တတ်သူမို့လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။ သူမဟာ ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အသည်းထဲထိနေရာယူထားတဲ့သူလေးပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက်ဖြစ်သလို ပရိတ်သတ်တွေရဲ့ချစ်ခြင်းများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

Photo Credit- Wutt Hmone Shwe Yi’s Facebook Account
Photo Credit- Wutt Hmone Shwe Yi’s Facebook Account
Photo Credit- Wutt Hmone Shwe Yi’s Facebook Account

မကြာသေးခင်နာရီပိုင်းကလည်း သူမရဲ့ Instagram stories မှာဗီဒီယိုလေးတစ်ခု တင်ထားတာပါ။ ဒါကတော့နောက်ထပ်ရိုက်ကူးမယ့်ဇာတ်ကားအတွက် ဆံပင်ပုံစံအသစ်လေးညှပ်နေတဲ့ ရွှေကစ်လေးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ရွှေကစ်လေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်အောင် တင်ဆင်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- Wutt Hmone Shwe Yi’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။