မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမူဆောင်အဖွဲ့ ရွေး ကောက်ပွဲ MFF Election 2020နှင့် MFF ကွန်ဂရက် အခမ်းအနား ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

Photo Credit - Myanmar National League's Facebook Page

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များဖြစ်သော ဥက္ကဋ္ဌ - ဦးဇော်မင်းစိန် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥပဒေ အကြံပေး)၊ အဖွဲ့ဝင် - ဦးဘန်နီတင်အောင် ( မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ နာယက)၊ အဖွဲ့ဝင် - ဦးခင်မောင်မြင့် ( ညွှန်ကြားရေးမှူး(ငြိမ်း) ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန)၊ အဖွဲ့ဝင် - ဦးသန်းထွန်း (အဖွဲ့ဝင်၊ MFF စည်းကမ်းထိန်းသိမ်းရေး ကော် မတီ)၊ အဖွဲ့ဝင် - ဦးတင်အောင်(ဂိုး) (နာယက၊ နည်းစနစ်ကော်မတီ) ၊ မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

Photo Credit - Myanmar National League's Facebook Page

အစီအစဉ်အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ရွေးကောက်ပွဲနှင့် ကွန်ဂရက် အခမ်းအနားအတွက် ပြင် ဆင်ထားမူများကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဇော်မင်းစိန်က ရွေးကောက်ပွဲနှင့် ပတ် သက်သည့် ပြင်ဆင်ဆောင်ရွက်ထားမူများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

Photo Credit - Myanmar National League's Facebook Page

ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ရွေးကောက်ပွဲနှင့် ကွန်ဂရက် အခမ်းအနားအား လာမည့် ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် (၉)နာရီမှ စတင်ကာ ရန်ကုန်မြို့ Novotel Yangon Max တွင်ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း နေရာများအတွက် မြို့နယ်ဘောလုံး အဖွဲ့ချုပ်များက၂၄၁ မဲ (လက်ရှိအချိန်ထိ) ၊ မြန်မာနေရှင်လိဂ် (၁) ကလပ်အသင်းများက ၁၂ မဲ၊ မြန်မာနေရှင်လိဂ် (၂) ကလပ်အသင်းများ က၈ မဲ၊ စုစုပေါင်း ၂၆၁ မဲ ပေးရွေးချယ်မည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League's Facebook Page

Photo Credit - Myanmar National League's Fafacebook  Page

Source - Myanmar National League's Facebook  Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။