မင်းသမီးချောလေးမိုးယုစံကတော့ လက်ရှိမှာဆိုရင် သူမရဲ့မိသားစုလေးကိုသာ နွေးထွေးမှုအပြည့်နဲ့ပြုစု‌စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။မိုးယုရဲ့ တစ်ဦးတည်းသောသားလေး Austinကလည်း (၂)နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်လို့ မေမေမိုးယုက အနုပညာအလုပ်တွေကို အနည်းအကျဉ်းပြန်လည်လုပ်ဆောင်နေပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိနေတာ‌ပါနော်။

Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account

မိုးယုကတော့ ကလေးတစ်ယောက်မွေးထားတဲ့မိခင်လို့ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုပြီး ခန္ဓာကိုယ်အလှကလည်း အမိုက်စားပါပဲနော်။မိုးယုက ချစ်ခင်ပွန်းရဲ့ကြင်နာယုယမှုတွေကိုလည်း ပိုင်ဆိုင်ထားတာကြောင့် စိတ်ပျိုကိုယ်နု ဆိုသလို တစ်နေ့တစ်ခြားပိုပိုလှလာတာဖြစ်ပါတယ်။မိုးယုကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့မိသားစုပုံရိပ်‌လေးတွေကို အမြဲစောင့်ကြည့်အား‌ ပေးနေကြတာပါနော်။

Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account

Austinလေးကလည်း မေမေ့ရဲ့သင်ကြားပြသမှုတွေအောက်မှာ လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ကလေးလေးအဖြစ် ကြီးပြင်းလာတာဖြစ်ပါတယ်။စကားတွေလည်းတီတီတာတာပြောတတ်ပြီး ချစ်မွှေးလေးပါလို့လူချစ်လူခင်ကလည်း ပေါများပါတယ်။အခုဆိုရင်လည်း Austinလေးက နေထိုးလို့ဆိုပြီး မေမေ့ရဲ့မျက်မှန်ကိုယူတပ်ထားကာ စတိုင်လ်ကျနေတဲ့ပုံရိပ်လေးတွေကို မေမေမိုးယုက မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook Account
Photo Credit:Moe Yu San's Facebook Account

Photo Credit:Moe Yu San's Facebook Account

Source:Moe Yu San's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။