ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။သူမဟာ အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်သူတစ်ယောက်ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်း သရုပ်ဆောင်အလုပ်တွေမလုပ်တော့ဘဲ အဆိုဘက်ကိုသာ တစ်စိုက်မတ်မတ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit-Sandi Myint Lwin’s Facebook Page
Photo Credit-Sandi Myint Lwin’s Facebook Page
Photo Credit-Sandi Myint Lwin’s Facebook Page

သူမရဲ့ သမီးလေး Treasure လေးဟာလည်း ပါးလေးဖောင်းကစ်ကစ်လေးနဲ့ အရမ်းကို ချစ်စရာကောင်းနေတာကြောင့် အနုပညာရှင်များသာမကဘဲ ပရိသတ်များကပါ ချစ်မဝဖြစ်နေရတာပါ။ မေမေဒီးဒီရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း သမီးလေးရဲ့ပုံရိပ်လေးတွေကို မကြာခဏဝေမျှပေးနေတာပါ။ ဒီးဒီတို့မိသားစုဟာ လတ်တလောမှာလည်း ငွေဆောင်ကမ်းခြေကို အပန်းဖြေရန်ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit-Sandi Myint Lwin’s Facebook Page
Photo Credit-Sandi Myint Lwin’s Facebook Page
Photo Credit-Sandi Myint Lwin’s Facebook Page

ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ဒီးဒီတစ်ယောက် အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သမီးလေးနဲ့ပုံရိပ်လေးတွေ ဝေမျှပေးလိုက်တာပါ။ " အမြွှာ လေးနှစ်ယောက်။ အသက်တော့ သိပ်မကွာပါဘူးနော်။

မေမေတွေရဲ့ Like Mother, Like Daughter ပုံလေးတွေ ရှိရင် ပို့စ်အောက်ပြပေးနော်" ဆိုပြီး တင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Sandi Myint Lwin’s Facebook Page 

Photo Credit-Sandi Myint Lwin’s Facebook Page
Photo Credit-Sandi Myint Lwin’s Facebook Page
Photo Credit-Sandi Myint Lwin’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။