အမြဲတမ်း နုပျိုလန်းဆန်းနေပြီး ပရိသတ်တွေအတွက် အားလပ်ချိန်မရှိလောက်အောင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသူကတော့ ပြည်သူချစ်မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမဟာ ကလေးလေးလိုချစ်စရာကောင်းတာကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါ။ အနုပညာလောကမှာလည်း အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ 

Photo Credit- Wutt Hmone Shwe Yi’s Instagram
Photo Credit- Wutt Hmone Shwe Yi’s Instagram
Photo Credit- Wutt Hmone Shwe Yi’s Instagram

ရွှေကစ်လေးဟာ သူငယ်ချင်းတွေကိုလည်း အလေးပေးဂရုတစိုက် ခင်မင်တတ်သူတစ်ယောက်ပါ။ မကြာသေးခင်ကလည်း သူငယ်ချင်းတွေနဲ့အတူ အပျော်ခရီးလေးတစ်ခု သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သူမရဲ့ Instagram stories မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Wutt Hmone Shwe Yi’s Instagram
Photo Credit- Wutt Hmone Shwe Yi’s Instagram
Photo Credit- Wutt Hmone Shwe Yi’s Instagram

ဒါကတော့ ချစ်သူငယ်ချင်းရဲ့မင်္ဂလာပွဲလေးမှာ မင်္ဂလာပန်းကြဲသူလေးအဖြစ်ပါဝင်ခဲ့တဲ့ ရွှေကစ်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ ရွှေကစ်တစ်ယောက် သူငယ်ချင်းနဲ့ထပ်တူ ပျော်ရွှင်ကြည်နူးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရွှေကစ်ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Wutt Hmone Shwe Yi’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။