မော်ဒယ်၊သရုပ်ဆောင် မင်းသမီးချောလေး သန္တာဗိုလ်ကတော့ မင်းသမီး ချောရတနာရဲ့ညီမလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်လောကမှာရော မော်ဒယ်လောကမှာပါ နာမည်ရအောင်မြင်နေတဲ့ သန္တာဗိုလ်က အချိုးအစားပြေပြစ်တဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သန္တာဗိုလ်က ဖက်ရှင်ရှိုးပွဲတွေမှာပါဝင်လျှောက်လှမ်းနေသလို Photo Shooting တွေလည်းရိုက်ကူးရင်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- Thandar Bo's Facebook Page
Photo Credit- Thandar Bo's Facebook Page
Photo Credit- Thandar Bo's Facebook Page

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုပွင့်ပွင့်လင်းလင်း ချပြထားတဲ့ သန္တာဗိုလ်က မင်းသားကောင်းပြည့်ရဲ့ချစ်သူလေးပဲ ဖြစ်ပါတယ်။ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ချစ်သူနှစ်ဦးကတော့ အတူတူလက်တွဲလာခဲ့တာ ( ၇ )နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးရဲ့အမှတ်တရလေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ သန္တာဗိုလ်က အခုလည်း ချစ်သူကိုယ်တိုင်ရိုက်ပေးထားတဲ့ပုံလေးတွေကို မျှဝေထားပါတယ်။

Photo Credit- Thandar Bo's Facebook Page
Photo Credit- Thandar Bo's Facebook Page
Photo Credit- Thandar Bo's Facebook Page

သန္တာဗိုလ်က '' ပုံလေးတွေကို အမြဲလှအောင်ရိုက်ပေးတတ်တဲ့ ချစ်သူတစ်ယောက်လောက်တော့လိုတယ်နော် photo by love '' ဆိုပြီး ပုံလေးတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ သန္တာဗိုလ်ကတော့ ချစ်သူကောင်းပြည့်ကိုယ်တိုင်ရိုက်ပေးထားတဲ့ပုံလေးတွေနဲ့ အလှတွေပေါ်လွင်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သူဓာတ်ဖမ်းပေးထားတဲ့ပုံလေးတွေကိုတင်ထားတဲ့ မင်းသမီးချော သန္တာဗိုလ်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Thandar Bo's Facebook Page 

Source: Thandar Bo's Facebook Page

Photo Credit- Thandar Bo's Facebook Page
Photo Credit- Thandar Bo's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။