မင်းသားချော မြင့်မြတ်ကတော့ သရုပ်ဆောင်ထူးချွန်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး အကယ်ဒမီရွှေစင်ရုပ်တုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာဖန်တီးပြနိုင်တဲ့ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တဲ့ မြင့်မြတ်က အောင်မြင်မှုတွေကို ဆက်လက်ထိန်းနိုင်တဲ့ မင်းသားတစ်လက်ဆိုရင်လည်းမမှားပါဘူးနော်။

Photo Credit- Myat Wai Tun's Facebook Acc
Photo Credit- Myat Wai Tun's Facebook Acc
Photo Credit- Myat Wai Tun's Facebook Acc

မြင့်မြတ်ကတော့ ချောမောလှပတဲ့ချစ်ဇနီးလေးနဲ့အတူ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြင့်မြတ်က မင်းသမီးချော အိချောပိုနဲ့အတူ အထိန်းတော်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်မြို့မှာ သွားရောက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မှာရိုက်ကူးရေးသွားလုပ်တဲ့ မြင့်မြတ်က ဇနီးနဲ့သားလေးကိုပါ အတူတူခေါ်သွားတာ ဖြစ်ပါတယ်။ 

Photo Credit- Myat Wai Tun's Facebook Acc
Photo Credit- Myat Wai Tun's Facebook Acc

အခုလည်း မြင့်မြတ်တို့မိသားစုလေးက ပြင်ဦးလွင်မြို့မှာ မြင်းလှည်းစီးပြီးလည်ပတ်နေတဲ့ပုံလေးကို ချစ်တပည့်မြတ်ဝေထွန်းက '' Now ရှု တင်စောစောပီးတော့ မြင်းလှည်းလေးနဲ့ အလည်သွားခြင်း''ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သားလေးကိုပေါင်ပေါ်တင်ပြီး ချစ်ဇနီးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်တို့မိသားစုလေးရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Myat Wai Tun's Facebook Acc

Photo Credit- Myat Wai Tun's Facebook Acc

Photo Credit- Myat Wai Tun's Facebook Acc
Photo Credit- Myat Wai Tun's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။