အနုပညာရှင်တစ်ယောက်အဖြစ် တစ်ခေတ်တစ်ခါကတည်းက ပရိသတ်တွေရဲ့အားပေးခြင်းကိုရရှိလာတဲ့ စမိုင်းလ်ကတော့ ယနေ့ခေတ်မှာဆိုရင် အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။စမိုင်းလ်က ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်ရတဲ့အဖွားဒေါ်ခင်လေးဆွေကိုလည်း သေချာပြုစုစောင့်ရှောက်ပေးနေတဲ့ မြေးအလိမ္မာလေးဖြစ်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

စမိုင်းလ်တို့မိသားစုလေးယောက်လုံးက ချစ်ခင်စည်းလုံးကြပြီး ဘယ်အရာမဆို တက်ညီလက်ညီရှိကြတဲ့မိသားစုလေးဖြစ်ပါတယ်။အလှူရေစက်လက်နဲ့မကွာ ဆိုသလို အလှူအတန်းဆိုလည်း သိန်းပေါင်းများစွာကိုမကြာခဏလှူဒါန်းနေတဲ့အပြင် လိုအပ်သူတိုင်းအတွက်လည်း တတ်နိုင်သလောက်ကိုကူညီပေးကြတဲ့မိသားစုပါနော်။စမိုင်းလ်ကတော့ ဘာသာတရားကိုလည်းအရမ်းကိုင်းရှိုင်းတာကြောင့် လတ်တလောမှာဆိုရင် အဓိဌာန်တွေဝင်နေတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

အခုဆိုရင်လည်း စမိုင်းလ်တို့မိသားစုက သစ်တံခါးဆရာတော်ရဲ့မွေးနေ့မှာအလှူအတန်းတွေပြုလုပ်ဦးမှာဖြစ်ပါတယ်။စမိုင်းလ်ကတော့"သစ်တံခါးဆရာတော်ရဲ့မွေးနေ့အလှူအဖြစ် ကျမတို့မိသားစုမှ မနက်ဖြန် နေ့လည် ၁ နာရီ ကနေ ၃နာရီ အထိ ဖုန်းအလုံး ၁၁၀ အားကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်နော် မိမိအတွက်တကယ်လိုအပ်နေတယ်ဆိုရင် မနက်ဖြန်နေ့လည် ၁နာရီမှာ လှိုင်သာယာ ၁၀ရပ်ကွက် သစ်တံခါးကျောင်းမှာ လာရောက်ကံစမ်းနိုင်ပါတယ်ရှင် "ဆိုပြီး သူမရဲ့ Facebook Pageမှာ ရေးသားမျှဝေထားတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

Photo Credit:စမိုင်းလ် Smile's Facebook page

Source:စမိုင်းလ် Smile's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။