MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၈ ရက်(ယနေ့)ညနေက ပဲခူးမြို့၊ Grand Royal ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရှမ်း ယူနိုက် တက်အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီယူနိုက်တက် အသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - ( Ko Zay) Myanmar National League's Facebook Page
Photo Credit - ( Ko Zay) Myanmar National League's Facebook Page

ဧည့်သည်ရှမ်းယူနိုက်တက်အသင်းဟာ ပွဲချိန် ၆ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ထောင့်ကန်ဘောမှ ရဲမင်းသူ ခေါင်းတိုက်၍ ပြန်လည်ကျလာသည့်ဘောလုံးကို တိုက်စစ်မှူး ကိတ်စ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ဧည့်သည်ရှမ်းယူနိုက် တက်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ပါတယ်။

Photo Credit - ( Ko Zay) Myanmar National League's Facebook Page
Photo Credit - ( Ko Zay) Myanmar National League's Facebook Page

ဒုတိယပိုင်း ပွဲချိန် ၆၆ မိနစ်တွင် အိမ်ရှင်ဟံသာဝတီယူနိုက်တက်အသင်းမှ ပင်နယ်တီရရှိခဲ့ပြီး အဆိုပါပင်နယ်တီကို တိုက်စစ်မှူး ဒိုနယ်ဘစ်ဆာမှ အမှားယွင်းမရှိ ကန်သွင်းပေးခဲ့ပါတယ်။ ပွဲချိန် ၈၆ မိနစ်တွင် ဟံသာဝတီ အသင်းမှ ဒုတိယဂိုး ထပ်မံရခဲ့ပြီး ဒိုနယ်ဘစ်ဆာမှ ထပ်မံသွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်တွင် ရှမ်းအသင်းမှ ပြန်လည်ဂိုးမရခဲ့သည့်အတွက် အိမ်ရှင်အသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

Source :  Myanmar National League's Facebook Page

Photo Credit - ( Ko Zay) Myanmar National League's Facebook Page
Photo Credit - ( Ko Zay) Myanmar National League's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။